မတ် ၁၃ ရက်နေ့ညက ယှဉ်ပြိုင် သွားတဲ့ ပြင်သစ် လီဂူး အမှတ်ပေးလိဂ် ပွဲစဉ်မှာ ပီအက်စ်ဂျီက ထရိုရက်စ် (Troyes) အသင်းကို ၉ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဆုကို စောစော စီးစီး ဆွတ်ခူး သွားပါတယ်။
လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီဟာ ပြိုင်ပွဲ ပြီးဆုံးဖို့ ၂ လ အလို ပွဲစဉ် ၈ ပွဲ ကျန်တဲ့ အချိန်မှာ ချန်ပီယံဆုကို ရယူ သွားတာပါ။
အနိုင်ဂိုးတွေကို ကာဗာနီ၊ ပါစတိုရီ၊ တိုက်စ်မှူး အီဗရာအီမိုဗစ်၊ ရာဘီယော့နဲ့ တဘက်လူ ကိုယ်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။
ဒီပွဲမှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ တယောက်တည်း ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
နည်းပြ လောရန့် ဘလန့်ရဲ့ ပီအက်စ်ဂျီအသင်းဟာ ဒုတိယနေရာက မိုနာကိုအသင်းကို ၂၅ မှတ်ဖြတ်ပြီး ပြင်သစ်အမှတ်ပေး လီဂူးဖလားကို ၄ နှစ်ဆက်တိုက် ရယူနိုင်တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ အမှတ်ပေးလိဂ် ဖလားကို စောစော ရယူနိုင်ခဲ့ပြီး နောက်ထပ်လည်း ဖလား ၂ လုံးကို ရယူနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139394
No comments:
Post a Comment