
ပရီးမီးယားလိဂ် ကလပ် ဆောက်သမ်တန် ကွင်းလယ် ကစားသမား ဗစ်တာ ၀မ်ရာမာကို စပါး အသင်းက ခေါ်ယူဖို့ သဘော တူညီချက် ရသွား ပါတယ်။
ဝမ်ရာမာကို စပါးအသင်းက ပေါင် ၁၁ သန်းပေးပြီး ခေါ်ယူ လိုက်တာပါ။
ဝမ်ရာမာဟာ ပြီးခဲ့တဲ့ ရာသီမှာ ကတည်းက စပါးအသင်းက စိတ်ဝင်စားနေလို့ အသင်းပြောင်းဖို့ ပြောဆို ထားပါတယ်။
သူဟာ ဆောက်သမ်တန်အသင်းကို ၂၀၁၃ မှာ ဆဲလ်တစ်အသင်းကနေ ပေါင် ၁၂ သန်းကျော်နဲ့ ပြောင်းရွှေ့လာတာပါ။
ကင်ညာအသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ၀မ်ရာမာဟာ ဆောက်သမ်တန်အတွက် ပွဲပေါင်း ၈၅ ပွဲ ကစားပေးထားပြီး ၄ ဂိုး သွင်းယူထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/156106





No comments:
Post a Comment