
အင်္ဂလန် တိုက်စစ်မှူး ဗာဒီဟာ လက်ဆက်စတာ စီးတီး အသင်းမှာ ဆက်နေဖို့ သဘော တူညီချက် ရသွား ပါတယ်။
လက်ဆက်စတာ စီးတီး အသင်းက အသက် ၂၉ နှစ် အရွယ် ဗာဒီကို အသင်းမှာ ဆက်နေဖို့ ၄ နှစ် စာချုပ် ချုပ်ဆို လိုက်ပါတယ်။
ဗာဒီဟာ သူ့ရဲ့သွင်းဂိုးတွေနဲ့ လက်ဆက်စတာကို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။
ယူရိုပြိုင်ပွဲ မစခင်တုန်းက ဗာဒီကို အာဆင်နယ်အသင်းက ပေါင်သန်း ၂၀ နဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
စာချုပ်သစ်အရ တိုက်စစ်မှူး ဗာဒီဟာ လက်ဆက်စတာမှာ တပတ်ကို လုပ်ခလစာ ပေါင် ၁ သိန်း ၂ သောင်း ရရှိမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာ ဗာဒီဟာ ဝေးလ်အသင်းကို အနိုင်ရတဲ့ ယူရိုပြိုင်ပွဲမှာ ၁ ဂိုး သွင်းယူထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/156097

No comments:
Post a Comment