မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 23, 2016

အိုက်စလန် နောက်ကျ အနိုင်ဂိုးကြောင့် ကခုန်ခဲ့သည့် အားကစားပွဲ ကြေညာသူ




ဇွန် ၂၂ ရက်က အိုက်စလန်နဲ့ သြစတြီးယားတို့ ကစားတဲ့ ပွဲစဉ်မှာ အိုက်စလန်ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် အားကစားပွဲ ကြေညာတဲ့ သူက စိတ်မထိန်းနိုင်ဘဲ ခုန်ပေါက် ကခုန် ပျော်ရွှင် ခဲ့ပါတယ်။

ဒီပွဲမှာ ပထမပိုင်း ၁၈ မိနစ်မှာ အိုက်စလန်အသင်းက ဦးဆောင်ဂိုး သွင်းယူပြီး ၁ ဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင် ထားပါတယ်။

ဒုတိယပိုင်း မိနစ် ၆၀ မှာ သြစတြီးယား အသင်းက ချေပဂိုး သွင်းယူသွားတဲ့ အတွက် ၁ ဂိုးစီ သရေကျ ခဲ့ပါတယ်။

ဒါပေမယ့် ပွဲပြီး ခါနီး မိနစ် ၉၀ မှာ အိုက်စလန်က အနိုင်ဂိုး ထပ်မံ သွင်းယူ သွားပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ ပထမဆုံး အကြိမ် အဖြစ် ဒုတိယ အဆင့်ကို တက်ရောက် သွားပါတယ်။

ဒီလိုဂိုးသွင်းယူပြီးတဲ့နောက် ကွင်းအတွင်းမှာ ပွဲကြေညာသူတဦးက သူ့ရဲ့အသင်းနိုင်တဲ့အတွက် စိတ်ကို မထိန်းနိုင်တော့ဘဲ ကြေညာနေရင်းကို ခုန်ပေါက်ကာ ကခုန်ခဲ့ပါတယ်။

ဒီလို ကခုန်နေတာကို အနီးက လူတဦးက မှတ်တမ်းတင်ထားပြီး Goal ၀က်ဆိုက်က ဖော်ပြခဲ့ပါတယ်။


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/156036

No comments:

Post a Comment