![]() |
ပွဲရပ်နားမှုကြောင့် စောင့်ဆိုင်းနေကြသည့် ပရိသတ်အချို့။ (ဓာတ်ပုံ - အေအက်ဖ်ပီ) |
အမေရိကန် ပြည်ထောင်စုမှာ ကျင်းပနေတဲ့ ကိုပါ အမေရိက ဖလား ဆီမီးဖိုင်နယ် အဖြစ် ချီလီနဲ့ ကိုလံဘီယာတို့ ဇွန် ၂၃ ရက်က ယှဉ်ပြိုင်တဲ့ ပွဲစဉ်ဟာ မိုးသက် မုန်တိုင်းကြောင့် ခေတ္တ ရပ်ဆိုင်း ခဲ့ရပါတယ်။
ပထမပိုင်းကစား အပြီး ၂ ဂိုး ဂိုးမရှိနဲ့ ချီလီက ဦးဆောင် ခဲ့သလို ဒုတိယပိုင်း ပြန်စမယ့် အချိန်မှာ မိုးသက် မုန်တိုင်းကြောင့် ပွဲကို ခေတ္တ ရပ်ဆိုင်း ခဲ့ရတယ်လို့ သတင်းတွေက ရေးပါတယ်။
သောင်းချီတဲ့ ပရိသတ်တွေ ကိုလည်း ကွင်းအတွင်းမှာ ခိုနားစရာ နေရာရှာဖို့ ကြေညာ ခဲ့ပါတယ်။
ပွဲတပွဲကို ကစားနေစဉ်အတွင်း ၃ နာရီကျော် ရပ်နားခဲ့ရင်တော့ ပွဲရလဒ်ကို ပယ်ဖျက်ပြီး နောက်တရက်မှာ ကစားရမယ်ဆိုတဲ့ ဥပဒေကလည်း ရှိနေပါတယ်။
ဒါပေမယ့်လည်း ပွဲကို ပြန်စနိုင်ခဲ့လို့ ပွဲအပြီးမှာ ချီလီက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ကိုပါအမေရိကားဖလား ဗိုလ်လုပွဲကို လာမယ့် ဇွန် ၂၆ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အာဂျင်တီးနားနဲ့ ချီလီတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155969

No comments:
Post a Comment