မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 23, 2016

အိုင်ယာလန်ကို ရှုံးသော်လည်း အီတလီ အုပ်စုပထမဖြင့် နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)




ယူရိုပြိုင်ပွဲ အုပ်စု အီး နောက်ဆုံး ပွဲစဉ်မှာ အိုင်ယာလန်က နာမည်ကြီး အီတလီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

အုပ်စုဗိုလ် အဖြစ်နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက် သွားတဲ့ အီတလီအသင်း အတွက် ဒီပွဲ အနိုင် အရှုံးဟာ အရေးမကြီးတဲ့ အတွက် အရန် အများစုနဲ့ ပွဲထုတ် ယှဉ်ပြိုင် သွားပါတယ်။

အီတလီက ဘောလုံး ပိုင်ဆိုင်မှု သာပေမယ့် ထိုးဖောက် ကန်သွင်းခွင့် မှာတော့ အိုင်ယာလန်က ပိုရ ခဲ့ပါတယ်။

ဒီပွဲမှာ ဖောင်း (Fouls) ဘော အကြိမ် ၄၀ အထိ ပေးခဲ့ရလို့ လောလောဆယ် ယူရိုပြိုင်ပွဲမှာ အများဆုံး ဖြစ်ခဲ့ပါတယ်။

အိုင်ယာလန် အတွက် တလုံး တည်းသော အနိုင်ဂိုးကို ၈၅ မိနစ်မှာ ဘရာဒီက သွင်းယူခဲ့သလို ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ဘရာဒီကပဲ ရရှိသွားပါတယ်။

အိုင်ယာလန်ဟာ အုပ်စုတွင်းမှာ ၄ မှတ်ရပြီး အကောင်းဆုံး တတိယရတဲ့ အသင်းအနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားတာပါ။

ရှုံးထွက်မှာတော့ အိုင်ယာလန်ဟာ နာမည်ကြီး အိမ်ရှင် ပြင်သစ်နဲ့ ရင်ဆိုင်ရမှာပါ။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/155940

No comments:

Post a Comment