မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 23, 2016

အသင်းကြီးတွေအားလုံး နောက်တဆင့်တက်တဲ့ ယူရို ၂၀၁၆




ယူရို ၂၀၁၆ ဘောလုံး ပြိုင်ပွဲ အုပ်စုတွင်း ပွဲစဉ်တွေ ပြီးဆုံး သွားပြီ ဖြစ်ပြီး ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေ အပါ အ၀င် အသင်းကြီးတွေ အားလုံး နောက်တဆင့် ရှုံးထွက် ပွဲတွေကို တက်လာနိုင် ခဲ့ကြ ပါတယ်။

ဇွန် ၁၀ ရက်မှာ စတင်ခဲ့တဲ့ ဥရောပဘောလုံး ပြိုင်ပွဲတွေကို ဒီနေ့နဲ့ မနက်ဖြန် ၂ ရက် ရပ်နားမှာ ဖြစ်ပြီး လာမယ့် ဇွန် ၂၅ မှာ ရှုံးထွက် ပွဲတွေ ပြန်လည် စတင် ကစားမှာ ဖြစ်ပါတယ်။

ရှုံးထွက်ပွဲတွေမှာ အိမ်ရှင် ပြင်သစ်က အိုင်ယာလန်၊ ဂျာမနီက ဆလိုဗက်ကီးယား၊ အင်္ဂလန်က အိုက်စ်လန် စတဲ့ မျက်နှာသစ် အသင်းငယ်တွေနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ စပိန်အသင်းကတော့ နာမည်ကြီး အီတလီအသင်းနဲ့ ကစားရမှာဖြစ်လို့ ပွဲကျပ် ကစားရတော့မှာပါ။

ဒီနှစ်သင်းမှာ အနိုင်ရတဲ့ အသင်းဟာလည်း ကွာတားဖိုင်နယ်အဆင့်မှာ ဂျာမနီနဲ့တွေ့ဖို့ များတာကြောင့် ကွာတားအဆင့်မှာတင် အသင်းကြီးတွေ အိမ်ပြန်ကြရဖို့ ရှိနေပါတယ်။

တခါ အိမ်ရှင်ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ ရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ကြရင် ကွာတားမှာ ဒီနှစ်သင်းတွေ့ဖို့ ရှိနေပြန်ပါတယ်။

ဒါကြောင့် အသင်းတွေရဲ့ တွေ့ဆုံမှုတွေအရ ဗိုလ်စွဲဖို့ ရေပန်းမစားတဲ့အသင်းတွေ ဒီတကြိမ် ယူရိုပွဲမှာ ဗိုလ်လုပွဲ တက်လာနိုင်စရာအကြောင်း ရှိနေပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/155943

No comments:

Post a Comment