
စပိန် လာလီဂါ ကလပ် အက်သလက်တီကို မက်ဒရစ်က တိုက်စစ်မှူး ဂရစ်ဇ်မန်းကို စာချုပ် သက်တမ်း တိုးလိုက် ပါတယ်။
စာချုပ် သစ်ကြောင့် တိုက်စစ်မှူးဟာ တီကိုမှာ ၂၀၂၁ အထိ ရှိနေမှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးဟာ အယ်လ်ဘေး နီးယားကို အနိုင်ရတဲ့ ပွဲမှာ အနိုင်ဂိုး သွင်းယူ ထားပါတယ်။
တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက တီကိုအသင်းအတွက် ပွဲပေါင်း ၅၄ ပွဲ ကစားပေးထားပြီး ၃၂ ဂိုး သွင်းယူထားပါတယ်။
စာချုပ်သစ် ချုပ်ဆိုနိုင်လို့ ကျေနပ်ရတယ်လို့လည်း ဂရစ်ဇ်မန်းက ပြောပါတယ်။
ပြီးခဲ့တဲ့တပတ်မှာပဲ တီကိုဟာ တိုက်စစ်မှူး ဂိုက်တန်ကို ပေါ်တူဂီကလပ် ဘန်ဖီကာအသင်းကနေ ခေါ်ယူထားခဲ့တာပါ။
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/156109

No comments:
Post a Comment