မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 12, 2015

ဘိုလီးဗီးယား ၄- ၂ ဗင်နီဇွဲလား(ရုပ်သံ)




နိုဝင်ဘာ ၁၂ ရက်က ၂၀၁၈ တောင်အမေရိကဇုန် ကမ္ဘာဖလား ခြေစစ်ပွဲမှာ ဘိုလီးဗီးယားက ဗင်နီဇွဲလားအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ကမ္ဘာဖလားခြေစစ်ပွဲမှာ ရှုံးပွဲဆက်နေသလို ကိုပါအမေရိက ဖလား ကွားတားဖိုင်နယ် နောက်ပိုင်း အိမ်ရှင် ဘိုလီးဗီးယားအတွက် ပထမဆုံးနိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။

ပထမပိုင်း ၁၉ မိနစ်မှာ ဘိုလီးဗီးယားအသင်းက တိုက်စစ်မှူး ရော့ဒရီဂို ရာမာလိုက အဖွင့်ဂိုးကို သွင်းယူခဲ့သလို ၂၂ မိနစ်မှာ ပင်နီတီကနေ တဆင့် ဘိုလီးဗီးယားတို့ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

၃၁ မိနစ်မှာတော့ ဗင်နီဇွဲလားတို့ ချေပဂိုး တဂိုးကို ပြန်လည်သွင်းယူသွားခဲ့ပါတယ်။ ပထမပိုင်း နာကျင် အချိန်ပိုမှာ ဘိုလီးဗီးယားတို့ တတိယဂိုး ထပ်မံသွင်းယူသွားတဲ့ အတွက် ပထမပိုင်းအပြီး ၃ ဂိုး ၁ ဂိုးနဲ့ ဘိုလီးဗီးယားက ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၄၉ မိနစ်မှာ ဘိုလီးဗီးယားတို့ စတုတ္ထမြောက်ဂိုးကို သွင်းယူသွားသလို ၅၅ မိနစ်မှာ ဗင်နီဇွဲလားအသင်းက ဒုတိယမြောက်ဂိုး ထပ်မံသွင်းယူသွားတဲ့အတွက် ၄ ဂိုး ၂ဂိုးနဲ့ ပွဲက အဆုံးသတ်သွားပါတယ်။

ဘိုလီးဗီးယားအသင်းက ၃ ပွဲကစား ၃ မှတ်ရထားသလို ဗင်နီဇွဲလားကတော့ ၃ ပွဲကစား ၁ မှတ်မှ ရရှိခြင်းမရှိသေးဘဲ ဇယား အောက်ခြေမှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/122250

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment