မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, February 16, 2017

မန်စီးတီး တိုက်စစ်မှူး ဂျီးဆပ် ၃ လခန့် အနားယူ ရမည်




မန်စီးတီး လူငယ် တိုက်စစ်မှူး ဂါဘရီယယ် ဂျီးဆပ်ဟာ ခြေထောက် ဒဏ်ရာကြောင့် ၃ လလောက် အနားယူ ရမှာဖြစ်လို့ ရာသီကုန် အထိ ပွဲထွက် ကစားနိုင်တော့မှာ မဟုတ် ဘူးလို့ သိရ ပါတယ်။

အသက် ၁၉ နှစ်ရှိ ဂျီးဆပ်ဟာ ဘုန်းမောက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ် ၁၅ မိနစ်မှာပဲ ညာဘက် ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် အဂူရိုနဲ့ လူစားလဲ ခဲ့ရတာပါ။

သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဆေးစစ်မှုခံယူအပြီးမှာတော့ ခွဲစိတ်ကုသရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်ဟာ ဒီနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ဘရာဇီးကလပ် ပေါလ်မီးယားယက်စ်အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတာပါ။

သူဟာ မန်စီးတီးအတွက် စတင်ပွဲထွက် ကစားခဲ့တဲ့ ၅ ပွဲမှာပဲ ၃ ဂိုး သွင်းယူထားပါတယ်။

ဂါဘရီယယ်ဂျီးဆပ် ဒဏ်ရာရသွားတဲ့အတွက် အရန်ခုံမှာ ထိုင်နေရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုအတွက်တော့ ပုံမှန်ပွဲထွက်ခွင့် ပြန်ရလာဖို့ ရှိနေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/189834

No comments:

Post a Comment