မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, February 16, 2017

ရီးရဲလ်မက်ဒရစ်က နာပိုလီကို ၃ ဂိုး ၁ ဂိုးဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)





ဖေဖော်ဝါရီ ၁၅ ရက်ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲစဉ်မှာ စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ်က အိမ်ကွင်းမှာ အီတလီ စီးရီးအေ ကလပ် နာပိုလီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ရီးရဲလ်မှာ ဒဏ်ရာရထားတဲ့ ဘေးလ် မပါဝင်နိုင်ပေမယ့် ရော်နယ်ဒို၊ ဘန်ဇီမာ၊ တိုနီခရူးစ်၊ ကပ်စ်မဲရိုး၊ မိုဒရစ်၊ မာဆယ်လို၊ ရာမို့စ် စတဲ့ အဓိကကစားသမားတွေ ပါဝင်ခဲ့ ပါတယ်။

ဒီပွဲအတွက် အဖွင့်ဂိုးကိုတော့ နာပိုလီက ရသွားတာဖြစ်ပြီး ပွဲအစ ၈ မိနစ်မှာပဲ အင်ဆစ်ဂ်နီက သွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ နှစ်ဘက် ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်း ရှိခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ရီးရဲလ်မက်ဒရစ်က အပြတ် အသာစီးရခဲ့ပါတယ်။

ရီးရဲလ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ၁၈ မိနစ်မှာ ဘန်ဇီမာ၊ ၄၉ မိနစ်မှာ တိုနီခရူးစ်နဲ့ ၅၄ မိနစ်မှာ ကပ်စ်မဲရိုးတို့က သွင်းယူပေးခဲ့ပါတယ်။

ဒီနှစ်သင်းရဲ့ ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့ကျရင် နာပိုလီကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/189821


No comments:

Post a Comment