မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 17, 2017

အီဘရာဟီမိုဗစ် ဟက်ထရစ်သွင်းပြီး မန်ယူက ပြင်သစ်ကလပ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ယူရိုပါလိဂ် ရှုံးထွက် အဆင့် ပထမ အကျော့ ပွဲစဉ် အဖြစ် မန်ယူနဲ့ ပြင်သစ် ကလပ် စိန့်အက်တီယန်တို့ ဖေဖော်ဝါရီ ၁၆ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက တိုက်စစ်မှူး အီဘရာဟီ မိုဗစ်ရဲ့ ဟက်ထရစ်ဂိုးနဲ့ အတူ အိမ်ကွင်းမှာ နိုင်ပွဲ ရခဲ့ ပါတယ်။

စိန့်အက်တီယန်က အုပ်စုအဆင့်ကို ရှုံးပွဲမရှိ ဖြတ်သန်းလာတဲ့ အသင်းဖြစ်ပေမယ့် အဝေးကွင်းမှာ ခံစစ်ပိုင်းက အမှားများ ခဲ့ပါတယ်။

ဒီပွဲမှာ စိတ်ဝင်စားစရာ ကောင်းတာ တခုကတော့ မန်ယူ ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ စိန့်အက်တီယန် နောက်ခံလူ ဖလော်ရန် တင်ပေါ့ဂ်ဘာတို့ ညီအစ်တိုနှစ်ဦး ပထမဆုံး အကြိမ် ထိပ်တိုက် တွေ့ခဲ့ကြတာပါ။

မန်ယူနည်းပြ မော်ရင်ဟိုက ဒီပွဲမှာ အတောင့်တင်းဆုံး လူစာရင်းကိုပဲ အသုံးပြု ခဲ့ပါတယ်။

ဒီဂီယာနေရာ ရိုမဲရိုး ဝင်ကစားခဲ့တာနဲ့ ရွန်နီ၊ ကာရစ်၊ ဖီးလ်ဂျုံးစ်တို့ ကြံ့ခိုင်မှုပြဿနာကြောင့် မပါဝင် ခဲ့တာဘဲ ရှိပါတယ်။

ဒါကြောင့်လည်း မန်ယူအသင်း အသာစီးက ကစားနိုင်ခဲ့ပြီး စိန့်အက်တီယန်အသင်းအနေနဲ့ ထိရောက်တဲ့ ထိုးဖောက်မှုတောင် မလုပ်နိုင်ခဲ့ပါဘူး။

မန်ယူအသင်းကပဲ တောက်လျှောက်ဖိကစားခဲ့ပြီး ၁၅ မိနစ်မှာတော့ အီဘရာဟီမိုဗစ်ရဲ့ ဖရီးကစ်ကန်ချက် လူတံတိုင်းနဲ့ထိပြီး ဝင်သွားခဲ့တာကြောင့် အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

နောက်ပိုင်းမှာ မာတာနဲ့ မာရှယ်တို့ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ပေမယ့် ၇၅ မိနစ်မှာတော့ ရပ်ရှ်ဖို့ဒ် ဘယ်ခြမ်းက ဂိုးရှေ့ချိုးပေးတဲ့ဘောလုံးကို စိန့်အက်တီယန် ဂိုးသမား ပုတ်ထုတ် ခဲ့ပေမယ့် အီဘရာဟီမိုဗစ် အနီးကပ် ပိတ်သွင်းယူခဲ့ပြီး ဒုတိယဂိုး ရယူပေး ခဲ့သလို ၈၈ မိနစ်မှာလည်း သူ့ကြောင့်ရတဲ့ ပယ်နယ်တီကို အီဘရာဟီ မိုဗစ်ကိုယ်တိုင်ပဲ သွင်းယူခဲ့လို့ ပွဲအပြီးမှာ မန်ယူက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပါတယ်။

ဒီနှစ်သင်း ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကျရင် စိန့်အက်တီယန်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/189964

No comments:

Post a Comment