မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 17, 2017

ဖိုးကေကို အလဲထိုး အနိုင်ယူပြီး ဒေ့ဗ်လက်ဒက် မြန်မာ့ရိုးရာ လက်ဝှေ့ ချန်ပီယံ သရဖူ ကာကွယ် (ရုပ်သံ)




ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပတဲ့ Lethwei Legacy-2 ပြိုင်ပွဲမှာ မြန်မာ့ ရိုးရာ လက်ဝှေ့ ချန်ပီယံ ဒေ့ဗ်လက်ဒက်က ပထမဆုံး သရဖူ ကာကွယ်ပွဲ အဖြစ် ယှဉ်ပြိုင်ဘက် ဒဂုံရွှေအောင်လံ ဆုရှင်ဟောင်း ဝါးရင်းတုတ် ဖိုးကေကို ဒုတိယ အချီအတွင်း အလဲထိုး အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းနိုင် ခဲ့ပါတယ်။

အရင်က မွေ့ထိုင်းကစားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဒေ့ဗ်လက်ဒက်ဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ယူကာ ချန်ပီယံဆုကို ရယူ ခဲ့တာ ဖြစ်ပါတယ်။

မြန်မာလက်ဝှေ့နဲ့ အတူ ယဉ်ကျေး aဖ်ာရွေတဲ့ မြန်မာ လူမျိုးတွေကို သူ့အနေနဲ့ ချစ်မြတ်နိုးပြီး မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံ jဖစ်အောင် ကြိုးစား သွားမယ်လို့ ပြိုင်ပွဲ အပြီးမှာ ဒီဗွီဘီကို ပြောကြား ခဲ့ပါတယ်။

ယှဉ်ပြိုင် ထိုးသတ်ခဲ့သူ ဖိုးကေက “ကျနော့် အနေနဲ့ အများကြီး ပြင်ဆင် ခဲ့ပေမယ့် အခုလို ရှုံးနိမ့်သွားတဲ့ အတွက် မျှော်လင့် ထားကြတဲ့ ပရိသတ်ကြီး အတွက် စိတ်မကောင်း ဖြစ်မိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖိုးကေက ကနေဒါနိုင်ငံ သားကို အနိုင်ယူဖို့ အတွက် သူ့လို ခြေတန် လက်တန် ရှည်သူကို ရှာဖွေပြီး လေ့ကျင့်ဖို့ လိုအပ်တယ်လို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲအတွေ့ အကြုံကို ပြောပြ ခဲ့ပါတယ်။

တခြားအထူးပွဲ ဖြစ်တဲ့ အမျိုးသမီးပွဲစဉ်မှာ ရွှေယဉ်မင်းနဲ့ ဂျပန်အမျိုးသမီး နဘန်းသမား မိုမိုကိုတို့ပွဲကတော့ ပူးတွဲ သရေကျ ခဲ့ပြီး ဂျပန်ပရိသတ်တွေ အထူးနှစ်ခြိုက် အားပေး ခဲ့ကြပါတယ်။

တခြားပွဲစဉ်တွေမှာ ဖျံသွေး(မြန်မာ) က ယာဆူယူကီ ယာမာဇာကီ (ဂျပန်) ကို ပထမအချီမှာ အလဲထိုးပြီးလည်းကောင်း၊ ရှမ်းကို(မြန်မာ) က ခိုင်ဇူကီ အိုကူဒါ(ဂျပန်) ကို တတိယအချီမှာ အနိုင်ရပြီး အသည်းတစ်ပွင့်(မြန်မာ) က ယူကီယာမာမိုတို(ဂျပန်) ကို အလဲထိုး အနိုင်ရခဲ့ကြပါတယ်။

ရာဇာ(မြန်မာ) နဲ့ ဂျပန်နိုင်ငံသား မွေထိုင်းချန်ပီယံ ကိုမူအာ(ဂျပန်) တို့ပွဲမှာ ၄ ချီ ရေကုန်ရေခန်း ထိုးသတ်ကာ ပူးတွဲသရေကျပြီး ပရိသတ် အနှစ်သက်ဆုံး ပွဲလည်း ဖြစ် ခဲ့ပါတယ်။

ဂျပန်ဘက်မှ ပွဲစီစဉ်သူတွေက ပုဂံဘုရားများပြုပြင်နိုင်ရန် အလှူငွေ ယန်း ၁ သန်း ပေးအပ်လှူဒါန်းပြီး မြန်မာသံအမတ်ကြီးကိုယ်စား တိုကျို မြန်မာသံရုံး အုပ်ချုပ်ရေးအရာရှိ ဦးသန့်ဇင်က တက်ရောက်လက်ခံရယူခဲ့ပါတယ်။

သတင်း၊ ရုပ်သံ – ဇော်ဇော်လှိုင်




From : ဒီဗွီဘီ by ဇော်ဇော်လှိုင်

Originally published at - http://burmese.dvb.no/archives/189977

No comments:

Post a Comment