
ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ် ကစား သမားဟောင်း မာတင်ကာ ဆီးရက်စ်ဟာ ပရီးမီးယားလိဂ် ကလပ် ဆောက်သမ်တန် အသင်းကို ကာလတို စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ခံစစ်မှူး ကာဆီးရက်စ်ဟာ ဝါရင့်ခံစစ်မှူး တဦးဖြစ်သလို ချန်ပီယံ ဖလားတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းဟာ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဂျိုဆေးဖွန်တီ ထွက်ခွာသွားတာနဲ့ အဓိကခံစစ်မှူး ဗန်ဒီဂျစ် ဒဏ်ရာကြောင့် ၃ လနီးပါး အနားယူ ရတော့မှာဖြစ်လို့ ခုလိုပဲ ခံစစ်ပိုင်းကို ပြင်ဆင်ခဲ့တာပါ။
ဆောက်သမ်တန်အသင်းအနေနဲ့ လိဂ်ဖလားဖိုင်နယ်အဖြစ် လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာ မန်ယူနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ကာဆီးရက်စ်ကို စတင်အသုံးပြုသွားဖွယ် ရှိနေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/189996

No comments:
Post a Comment