မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 12, 2015

ဘီဘီစီ အာဖရိက အကောင်းဆုံး ကစားသမားဆုကို ယာယာတိုရေး ရရှိ




ဒီဇင်ဘာ ၁၂၊ လန်ဒန်

၂၀၁၅ ခုနှစ် အတွက် ဘီဘီစီ အာဖရိက အကောင်းဆုံး ကစားသမား အဖြစ် ယာယာတိုရေး ရွေးချယ် ခံရသည်။ အသက် ၃၂ နှစ် အရွယ်ရှိ အိုင်ဗရီကို့စ် ကွင်းလယ် ကစား သမားသည် နိုင်ဂျီးရီးယား သားများ ဖြစ်သော ကနူးနှင့် အိုကိုချာတို့ ပြီးနောက် ယင်းဆုကို နှစ်ကြိမ် ရသည့် တတိယ မြောက် ကစားသမား ဖြစ်လာ ခဲ့သည်။

ဘောလုံးပရိသတ်များသည် ဘရာဟီမီ၊ အူဘာမီယန်း၊ အယူးနှင့် မန်နီတို့ကိုကျော်ကာ ၂၀၁၃ အကောင်းဆုံးကစားသမား ယာယာတိုရေးကို မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

"ကျွန်တော်သိပ် ဂုဏ်ယူပါတယ်။ ပရိသတ်တွေကပေးတဲ့ဆုကိုရတာ မယုံနိုင်အောင်ပါပဲ။ တခြား ဆန်ကာတင်စာရင်းဝင်တွေကိုလည်း ဂုဏ်ပြု ပါတယ်။ အာဖရိကဘောလုံးလောက, က တိုးတက်နေပြီး လူငယ်ကစားသမားကောင်းတွေလည်း ပေါ်လာနေပါပြီ"ဟု တိုရေးက ပြောသည်။

ဆန်ကာတင်စာရင်းဝင် ငါးဦးစလုံးမှာ ချန်ပီယံများဖြစ်သည်ဟုလည်း တိုရေးကဆိုသည်။ "ကျွန်တော်သိပ်ပျော်ပါတယ်။ အာဖရိကန်ဘောလုံး သမားတစ်ယောက်အနေနဲ့ ကျွန်တော့်ညီငယ်တွေ အနာဂါတ်မှာအောင်မြင်ဖို့ ဦးဆောင်ချင်ပါတယ်။

ကျွန်တော်ငယ်ငယ်တုန်းက အရေးပါတဲ့ကစားသမားဖြစ်ဖို့ အမြဲစိတ်ကူးယဉ်ခဲ့တာပါ။ အများကြီးလဲ စွန့်လွှတ်ကြိုးစားခဲ့ရပါတယ်။ နှစ်တိုင်း ဆုဖလားတွေရဖို့ ဆက်ကြိုးစားသွားဦးမှာဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆုတံဆိပ်တွေအတွက်လည်း တိုက်ပွဲဝင်သွားဦးမှာပါ"ဟု တိုရေးက ပြောသည်။

Ref; BBC

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/8462

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment