ဇန်န၀ါရီ ၂၄ ရက်ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်က အိမ်ကွင်းမှာ ဆွမ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ အရှုံးပေး လိုက်ရ ပါတယ်။
ဆွမ်ဆီး အတွက် ဦးဆောင်ဂိုးကို အဲဗာတန် ဂိုးသမားရဲ့ အမှားကြောင့် ပင်နယ်တီ ကနေ ပေးလိုက် ရတာပါ။
အဲဒီ ပင်နယ်တီကို ဆီဂတ်ဆန်က သွင်းယူပါတယ်။
အဲဗာတန် အတွက် ချေပဂိုးကို ၂၆ မိနစ်မှာ တဘက် ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဆွမ်ဆီအသင်း အဲဗာတန်ကို ခြေရည်တူ လိုက်ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။
ဆွမ်ဆီးအတွက် ဒုတိယဂိုးကို ၃၄ မိနစ်မှာ အာယူးက သွင်းယူပါတယ်။
ဒီပွဲမှာ ဆွမ်ဆီးတိုက်စစ်မှူး အာရူး ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်တာ ခံခဲ့ရပါတယ်။
ဆွမ်ဆီးအသင်း နိုင်ပွဲပြန်ရလို့ ၂၅ မှတ်နဲ့ အဆင့် ၁၅ နေရာကို ခုန်တက်သွားပါတယ်။
အဲဗာတန်ကတော့ ၂၉ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/132149
No comments:
Post a Comment