ဇန်န၀ါရီ ၂၄ ရက် ညက ယှဉ်ပြိုင် သွားတဲ့ အသင်းကြီး ၂ သင်း ထိပ်တိုက် တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ် အသင်းမှာ အားထား ရတဲ့ ကွင်းလယ် ကစားသမား အိုဇေးနဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်တို့ ပါဝင် လာပြီး နှစ်သင်းစလုံး လူစုံထုတ် ယှဉ်ပြိုင် သွားပါတယ်။
အကြိတ်အနယ် ရှိခဲ့ပြီး ပွဲအစ ၁၈ မိနစ် လောက်မှာ ချဲလ်ဆီး တိုက်စစ်မှူး ကော်စတာကို ဖျက်တာ ကြမ်းလို့ အာဆင်နယ် နောက်ခံလူ မာတီဆက်ကာ အထုတ် ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင် သွားရ ပါတယ်။
ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ၂၃ မိနစ်မှာ တိုက်စစ်မှူး ကော်စတာကပဲ သွင်းယူ ပါတယ်။
အာဆင်နယ်က တယောက်လျော့နဲ့ ကစား ရပေမယ့် အပြန်အလှန် ထိုးဖောက် ကစားနိုင် ခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး ကွင်းလယ်လူ ၀ီလျံစ် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံ ခဲ့ရပါတယ်။
အာဆင်နယ်ဟာ ဒီပွဲရှုံးလို့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ ဦးဆောင်ခွင့်နဲ့ လွဲပြီး ၄၄ မှတ်နဲ့ အဆင့် ၃ နေရာကို လျှောကျ သွားပါတယ်။
ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ၂၈ မှတ်နဲ့ အဆင့် ၁၃ နေရာကို တက်လှမ်းနိုင် ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/132146
No comments:
Post a Comment