
မြန်မာကလပ် အသင်း တသင်းဖြစ်တဲ့ Horizon ကလပ် အသင်းကို ကစားသမား တဦး တရားမ၀င် ရွှေ့ပြောင်းခဲ့မှု အတွက် တာဝန်ရှိသူ ၃ ဦးကို ယူဂန်ဒါနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ရာထူးကနေ ဆိုင်းငံ့ ထားတယ်လို့ ဆင်ဟွာ သတင်း တပုဒ်မှာ ဇန်န၀ါရီ ၂၄ ရက်နေ့က ဖော်ပြ ပါတယ်။
ကစားသမား ဂျိုးဆက် ပန်ဒန်ဘိုလင် ဘိုကို ခုလိုပြောင်းရွှေ့ခဲ့မှု အတွက် တာဝန်ရှိ သူတွေဟာ စိတ်ဆိုး ဒေါသ ထွက်နေ ကြတယ်လို့ ယူဂန်ဒါ ဘောလုံး အဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ အာမက် ဟူစိန်က ပြောပါတယ်။
ယူဂန်ဒါနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ကျင့်ဝတ်နဲ့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက တာဝန်ရှိသူ ၃ ဦးဖြစ်တဲ့ သောဒီးရပ်စ် ကီတန်ဒွေး၊ ဟာရူးနာ ကျိုဘေးနဲ့ ဆန်မန်ဒါ နန်ဒီဂိုဘေး တို့ကို ရက်ပေါင်း ၉၀ တာဝန် ကနေ ရပ်ဆိုင်း ထားဖို့ အရေးယူ ခဲ့ပြီး ဆက်လက် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင် နေတာပါ။
မြန်မာကလပ် အသင်းဆီ ရွှေ့ပြောင်းလိုက်တဲ့ ကစားသမား ဂျိုးဆက်ပန်ဒန် ဘိုလင်ဘိုဟာ ယူဂန်ဒါနိုင်ငံ အက်စ်စီဗိုက်ဗာ ဘောလုံး အသင်းက ကစားသမား တဦးဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အာဖရိက နိုင်ငံများ ချန်ပီယံ ဘောလုံး ပြိုင်ပွဲရဲ့ နိုင်ငံ ကိုယ်စားပြု ကွင်းလယ် ကစားသမား တဦးလည်း ဖြစ်ပါတယ်။
တာဝန်ရှိသူ ၃ ဦးဟာ ခုလ အစောပိုင်းမှာ မြန်မာကလပ် အသင်းဆီ တရားမ၀င် ရွှေ့ပြောင်းမှု လုပ်ခဲ့ ကြတာ ဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေး မှုတွေ ဆက်လုပ်နိုင်ဖို့ အကြောင်းကြား ထားပြီး ဖြစ်တယ်လို့ အာမက် ဟူစိန်က ပြောပါတယ်။
အက်စ်စီဗိုက်ဗာ ဘောလုံး အသင်းဟာ ၂၀၁၄-၁၅ ခုနှစ် ယူဂန်ဒါလိဂ် ချန်ပီယံ အသင်းဖြစ်ပြီး ခုလာမယ့် ၂၀၁၆ ခုနှစ် အတွက် နိုင်ငံ ကိုယ်စားပြု အာဖရိက ချန်ပီယံလိဂ် အသင်း တသင်းလည်း ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/132161





No comments:
Post a Comment