ဓာတ်ပုံ - ရိုက်တာ
အမေရိကန် မေဂျာလိဂ် ကလပ် မွန်ထရီရယ် အင်ပက် အသင်းက တိုက်စစ်မှူး ဒရော့ဘာ အနေနဲ့ အသင်းဟောင်း ချဲလ်ဆီးကို ပြန်သွားမှာ မဟုတ်ဘူးလို့ ကြေညာ လိုက်ပါတယ်။
အခုလို ကြေညာ လိုက်တဲ့ အတွက် အသက် ၃၇ နှစ် အရွယ် တိုက်စစ်မှူး ဒရော့ဘာ အနေနဲ့ ရလဒ်တွေ မကောင်း ဖြစ်နေတဲ့ အသင်းဟောင်း ချဲလ်ဆီးကို သွားရောက် တော့မယ် ဆိုတဲ့ သတင်း တွေလည်း အဆုံးသတ် သွားခဲ့ ပါတယ်။
ဒရော့ဘာဟာ အသင်းရဲ့ ရာသီအကြို လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်မှာ ဖြစ်တယ်လို့လည်း မေဂျာလိဂ်ကလပ်က ပြောဆို ထားပါတယ်။
အိုင်ဗရီကို့စ် လက်ရွေးစင်ဟောင်း ဒရော့ဘာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မေဂျာလိဂ်အသင်း မွန်ထရီရယ်နဲ့ စာချုပ်သက်တမ်း ကုန်မှာဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၁၁ ဂိုး သွင်းထားပြီး ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒရော့ဘာဟာ ချဲလ်ဆီးမှာ ပွဲပေါင်း ၂၅၀ ကျော် ကစားခဲ့ပြီး ၁၀၄ ဂိုး သွင်းပေးထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/132205
No comments:
Post a Comment