မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, January 25, 2016

သြစတြေးလျအိုးပဲန်း တင်းနစ်ပြိုင်ပွဲ ရှာရာပိုဗာနှင့် စရီနာဝီလျံတို့ အနိုင်ရ




ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင် သွားတဲ့ သြစတြေးလျ အိုးပန်း အမျိုးသမီး တဦးချင်း စတုတ္ထ အဆင့် ပြိုင်ပွဲမှာ နာမည်ကြီးတွေ ဖြစ်တဲ့ မာရီယာ ရှာရာပိုဗာနဲ့ စရီနာ ၀ီလျံတို့ အနိုင်ရ သွားပါတယ်။

ရုရှား တင်းနစ်မယ် ဖြစ်တဲ့ ရှာရာပိုဗာက ဆွစ်ဇာလန်က ဘန်နစ်ကို နှစ်ပွဲစလုံး ၇ – ၅ နဲ့ အနိုင်ရ သွားပါတယ်။

ကမ္ဘာ့အဆင့် ၅ ဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ရှာရာပိုဗာဟာ ကွာတားဖိုင်နယ်မှာ ပြိုင်ဘက် အမေရိကန်သူ စရီနာ ၀ီလျံနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ် ၁ ဖြစ်တဲ့ စရီနာ ၀ီလျံကတော့ စတုတ္ထအဆင့်ပြိုင်ပွဲမှာ နာမည်သိပ်မရှိတဲ့ ရုရှားက တင်းနစ်မယ် ဂတ်ပါရန်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။

အသက် ၃၄ နှစ်အရွယ် လက်ရှိချန်ပီယံ စရီနာဟာ လက်ရည်အသာနဲ့ ယှဉ်ပြိုင်ပြီး ၆ – ၂၊ ၆ – ၁ နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

စရီနာဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132211


No comments:

Post a Comment