မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 27, 2016

ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် လီဗာပူး ကယ်ပီတယ်ဝမ်း ဖလား ဗိုလ်လုပွဲ တက် (ရုပ်သံဟိုက်လိုက်)




ဇန်န၀ါရီ ၂၆ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ကယ်ပီတယ်ဝမ်း ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ လီဗာပူးက စတုတ် စီးတီးကို ပင်နယ်တီ အဆုံး အဖြတ်မှာ ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ပထမ အကျော့မှာ တုန်းက လီဗာပူးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ထားပြီး အခု ဒုတိယ အကျော့မှာ စတုတ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလို့ ပင်နယ်တီအထိ ဆက်ခဲ့ ရပါတယ်။

ဒီပွဲမှာ စတုတ် အတွက် အနိုင်ဂိုး ၁ ဂိုးကို ၄၅ မိနစ်မှာ သွင်းယူ ပါတယ်။

ဒီဂိုးကို အငြင်းပွားဖွယ်ရာ လူကျွံဘောဖြစ်တယ်လို့လည်း လီဗာပူးက ပြောဆိုထားပါတယ်။

စတုတ်အသင်း ဒီပွဲမှာ ခြေရည်တူ လိုက်ကစားနိုင်ခဲ့ပြီး လီဗာပူးဂိုးသမားလည်း လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို လီဗာပူး နောက်တန်းကစားသမား ဆာခိုက ရရှိသွားပါတယ်။

ဒီပွဲနိုင်တဲ့ လီဗာပူးက လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ အဲဗာတန် ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132488


No comments:

Post a Comment