မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, May 25, 2016

လီဗာပူးနှင့် မန်ယူကို ယူအီးအက်ဖ်အေ ဒဏ်ရိုက်




အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အသင်းကို ယူရိုပါလိဂ် ပြိုင်ပွဲမှာ တရားမ၀င်တဲ့ ကြွေးကြော် သံတွေ အော်ဟစ်မှုနဲ့ ယူအီးအက်ဖ်အေက ဒဏ်ရိုက် လိုက်ပါတယ်။

ပရိသတ်တွေက အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် မန်ယူကို ပေါင် ၄၄၃၄၂ နဲ့ လီဗာပူးကို ပေါင် ၄၃၅၇၇ ဒဏ်ရိုက်ခဲ့ပါတယ်။

ယူရိုပါလိဂ်ပွဲစဉ်အဖြစ် မန်ယူနဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားစဉ် ၂ ဘက်အသင်းက တချို့ပရိသတ်တွေက ကြေကွဲဖွယ်ရာဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အော်ဟစ်ကြွေးကြော်မှုတွေကို လုပ်ဆောင်ခဲ့လို့ ဒဏ်ငွေရိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲမှာ ၁၉၅၈ ခုနှစ်က မန်ယူကစားသမား ၂၃ ဦး လေယာဉ်မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ မြူးနစ်က ဖြစ်ရပ်နဲ့ ၁၉၈၉ ခုနှစ် နော်သင်တန်ဖောရက်စ်နဲ့ပွဲမှာ လီဗာပူးပရိသတ် ၉၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေကို အော်ဟစ်ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းကိုလည်း မီးရှူးမီးပန်း ပစ်ဖောက်မှု၊ မန်ယူပရိသတ်တွေကိုလည်း အိမ်ကွင်း လှေကားထစ်တွေမှာ ပိတ်ဆို့မှုနဲ့ စွဲဆိုထားပါတယ်။

အိုးထရက်ဖို့ဒ်မှာ ပရိသတ်တွေ လုပ်ဆောင်ခဲ့တဲ့ ပျက်စီးမှုတွေအတွက်လည်း လီဗာပူးအသင်းက ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂ နှစ်အတွင်း ဆိုင်းငံ့ ဒဏ်ကြေးအဖြစ် ကလပ် ၂ သင်းကို ပေါင် ၁၅၂၉၀ ဒဏ်ရိုက်ခဲ့ပါတယ်။

ယူရိုပါလိဂ် ပြိုင်ပွဲအဖြစ် လီဗာပူးနဲ့ မန်ယူတို့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ၂ ဘက်ကစားသမားတွေ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး လူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/151470

No comments:

Post a Comment