
လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ ရရှိ သွားပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင် ကစားဖို့ ရာနှုန်းပြည့် သေချာ တယ်လို့ ခရစ္စတီယာနို ရော်နယ်ဒိုက ရီးရဲလ် မက်ဒရစ် ပရိသတ်တွေကို ကတိပေး လိုက်ပါတယ်။
ရီးရဲလ်ဟာ အခုနှစ် ဘောလုံးရာသီအတွက် အပိတ်ပွဲစဉ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်နဲ့ မေ ၂၈ ရက်မှာ ယှဉ်ပြိုင် ကစားသွားမှာပါ။
မေ ၂၄ ရက်မှာတော့ ရီးရဲလ်ရဲ့ တရားဝင် ရုပ်သံလိုင်းက ကစားသမားတွေ လေ့ကျင့်ခန်း ဆင်းနေပုံကို တိုက်ရိုက် ထုတ်လွှင့်နေခဲ့ပြီး အဲဒီအချိန်မှာ ပရိသတ် အချစ်တော် တိုက်စစ်မှူး ရော်နယ်လ်ဒို ထိခိုက် ဒဏ်ရာရသွားတာကို တွေ့မြင်ခဲ့ကြရပါတယ်။
From : 7DayDaily - YouTube
Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ






No comments:
Post a Comment