
လာမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင် ကစားနိုင်ဖို့ ကြံ့ခိုင်မှု ရှိနေပြီလို့ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုက ပြောဆို ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့က လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ ရခဲ့ပြီး နောက်ပိုင်း ရော်နယ်ဒို အနေနဲ့ ဗိုလ်လုပွဲမှာ ပါဝင် ကစားနိုင်ဖို့ မသေချာတော့ ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် ခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ရော်နယ်ဒိုကတော့ လေ့ကျင့်ရတာ ပြဿ နာ နည်းနည်း ရှိပေမယ့် လာမယ့် ၂ ရက်လောက်ဆိုရင် ကြံ့ခိုင်မှု အပြည့် ရှိလာတော့မှာပါလို့ ပြောပါတယ်။
ရီးရဲလ်အသင်းဟာ မြို့ခံပြိုင်ဖက် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ လာမယ့် မေ ၂၈ ရက်နေ့ ချန်ပီယံ ဗိုလ်လုပွဲကို အီတလီနိုင်ငံ မီလန်မြို့မှာ ယှဉ်ပြိုင်ရမှာပါ။
ဒီနှစ် စပိန်လာလီဂါ ပြိုင်ပွဲမှာ ရီးရဲလ်နဲ့ တီကိုတို့ ၂ ကြိမ် တွေ့ဆုံထားရာမှာ ၂ ကြိမ်စလုံး ရီးရဲလ်က အနိုင်ရထားခြင်း မရှိသေးပါဘူး။
by DVB
Originally published at - http://burmese.dvb.no/archives/151681





No comments:
Post a Comment