မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 19, 2016

မြန်မာယူ - ၁၉နည်းပြ ရာထူးကို လက်ခံမည်ဟု ဦးမျိုးလှိုင်ဝင်း အတည်ပြု



နေပြည်တော် အသင်း၏ ပွဲပြီးသတင်းစာ ရှင်းလင်းပွဲ၌ ဦးမျိုးလှိုင်ဝင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၁၉ ၊ ရန်ကုန်

မြန်မာ့ လက်ရွေးစင် ယူ - ၁၉ အသင်း နည်းပြချုပ် အဖြစ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တရားဝင် ကမ်းလှမ်း လာခြင်းကို လက်ခံမည် ဟု ဦမျိုးလှိုင်ဝင်း က အတည်ပြု ပြောကြားသည်။

မြန်မာ့ လက်ရွေးစင် ကစား သမားဟောင်း ဦးမျိုးလှိုင်ဝင်းသည် နည်းပြ ဘဝကို အဲပုဂံ အက်ဖ်စီ အသင်းနှင့် စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ဘောလုံးရာသီ အထိ ရန်ကုန် ယူနိုက်တက် အသင်းကို တာဝန် ယူခဲ့သည်။

ထို့နောက်၂၀၁၂ ခုနှစ်မှ စတင်ကာ မြန်မာနေရှင်နယ်လိဂ် ကလပ် နေပြည်တော် အသင်းကို နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး အအောင်မြင်ဆုံး အဖြစ် ၂၀၁၄ AFC Cup ပြိုင်ပွဲတွင် ၁၆ အသင်းအဆင့် ရှုံးထွက် အဆင့် ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

“ ကျွန်တော့်ကို အဖွဲ့ချုပ် ဘက်က ယူ-၁၉ အသင်းကို နည်းပြဖို့ ကမ်းလှမ်း လာတဲ့ အတွက် လက်ခံဖို့ ဆုံးဖြတ် ခဲ့တာပါ။ အခုလက်ရှိ တာဝန်ယူနေတဲ့ နေပြည်တော်အ သင်းက ထွက်ပြီး ယူ-၁၉ ကို တာဝန်ယူမှာပါ။

အဲ့အတွက်လည်း နေပြည်တော်အသင်းနဲ့ ညှိနှိုင်းနေပါတယ်။ ညှိနှိုင်းလို့ အဆင်ပြေတာနဲ့ ပြောင်းလဲ ကိုင်တွယ် သွားမှာပါ။ ဒီတစ်ပတ် အတွင်း အမြန်ဆုံးသိရမှာပါ ” ဟု ဦးမျိုးလှိုင်ဝင်းက ဆိုသည်။

ဦးမျိုးလှိုင်ဝင်းသည် မြန်မာ့ လက်ရွေးစင် ကစားသမား အဖြစ် ၁၉၈၉ ခုနှစ်မှ စတင်ကာ ၂၀၀၄ ခုနှစ် အထိ ၁၅ နှစ်တိုင် ပါဝင် ယှဉ်ပြိုင် ကစားခဲ့ပြီး လက်ရွေးစင် ကစားသမား ဘ၀တွင်လည်း အောင်မြင်မှုများ၊ ပရိသတ် အားပေးမှုများ ရခဲ့သည့် ကစားသမား တစ်ဦးဖြစ်သည်။

“ ယူ-၁၉ အသင်းအတွက် ကျွန်တော်တို့ ဦးမျိုးလှိုင်ဝင်းက ကမ်းလှမ်း ထားပါတယ်။ သူက လက်ရှိမှာ နေပြည်တော် အသင်းက ကိုင်တွယ်နေ ပါတယ်။

ယူ-၁၉ ကို ကိုင်တွယ်မယ်ဆိုရင်တော့ သူ့ကို ဟိုဘက်ကထွက်ပြီး တစ်သင်းထဲကိုသာ အာရုံစိုက်စေချင်တာပါ။ ဒါမှလည်း အသင်းအတွက် အကျိုးရှိမှာပါ။

ယူ-၁၉ အသင်းနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကိုတော့ သူလာမှပဲ သူ့စိတ်ကြိုက်လုပ်စေမှာပါ ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးသန်းဇော်က ပြောသည်။မြန်မာယူ-၁၉အသင်းကို လက်ရှိအချိန်တွင်ဖွဲ့စည်းထားခြင်းမရှိသေးပဲ နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းလက်ခံ ပြီးမှသာ ပြင်ဆင်ဖွဲ့စည်းရန်စီစဉ်ထားသည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/11384


No comments:

Post a Comment