ဖေဖော်ဝါရီ ၁၄ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ ဂျာမန် ဘွန်ဒတ်စ်လီဂါပွဲ စဉ်မှာ ဘိုင်ယန်မြူးနစ်က အော့စ်ဘတ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဘိုင်ယန် အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၅ မိနစ်မှာ တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက သွင်းယူပါတယ်။
အော့စ်ဘတ်အသင်းဟာ တန်းဆင်းဇုန်အထက်နားမှာ ရုန်းကန်နေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဘိုင်ယန်ကပဲ တဘက်သတ် ဘောလုံးပိုင်ဆိုင်မှု ယူပြီး ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။
ဒုတိယဂိုးကိုလည်း လီဝမ်ဒေါ့စကီးကပဲ ၆၂ မိနစ်မှာ သွင်းယူပါတယ်။
ဒီဂိုးဟာ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးတွက် ဒီနှစ်ရာသီ ဘွန်ဒတ်စ်လီဂါမှာ ၂၁ ဂိုးမြောက်သွင်းတဲ့ ဂိုးလည်း ဖြစ်ပါတယ်။
အိမ်ရှင် အော့စ်ဘတ်အသင်း ဒီပွဲမှာ တန်ပြန်တိုက်စစ်တွေကနေ ဂိုးရဖို့ ကြိုးစားသွားပါတယ်။
ညာတောင်ပံကနေ ရော်ဘင် ထိုးဖောက် ကန်သွင်းခွင့်တွေ ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
ဘိုင်ယန်အတွက် တတိယဂိုးကို သောမတ်စ် မူလာက ၇၈ မိနစ်မှာ သွင်းယူပါတယ်။
ပွဲပြီးဖို့ ၃ မိနစ်လောက် အလိုမှာ အော့စ်ဘတ်အတွက် တလုံးတည်းသော ချေပဂိုးကို ပြန်လည် သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်က ၅၆ မှတ်နဲ့ ဒုတိယနေရာက ဒေါ့မွန်ကို ၈ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/135386
No comments:
Post a Comment