မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, March 22, 2016

ATP Indian Wells တင်းနစ်ဗိုလ်လုပွဲတွင် နိုဗက်ဂျိုကိုဗစ် ဗိုလ်စွဲ



ဓာတ်ပုံ - အေအက်ဖ်ပီ

အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင် သွားတဲ့ ATP Indian Wells တင်းနစ် ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ် အနိုင်ရ သွားပါတယ်။

နံပါတ် ၁ ဂျိုကိုဗစ်က ကနေဒါက မီလို့စ် ရိုနစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရ သွားတာပါ။

ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ပြိုင်ပွဲမစခင်ကတည်းက ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားသူလည်း ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ ဂျိုကိုဗစ်က ပြိုင်ဘက်ဟောင်းဖြစ်တဲ့ နဒါးကို ဖြတ်ကျော်လာတာပါ။

ပထမပွဲမှာ ဂျိုကိုဗစ်က ၆ – ၂ နဲ့ အနိုင်ယူပြီး ဒုတိယပွဲမှာ အမှတ်ပြတ် ၆ – ၀ နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

အသက် ၂၈ နှစ်အရွယ် ဂျိုကိုဗစ်အတွက်တော့ Indian Wells ချန်ပီယံဆုကို ၅ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။

ပြိုင်ပွဲအပြီးမှာတော့ ဂျိုကိုဗစ်က တင်းနစ်ပြိုင်ပွဲတွေမှာ အမျိုးသားတင်းနစ်သမားတွေကို အမျိုးသမီး တင်းနစ်သမားတွေထက် ပိုပြီး ဆုကြေးငွေ ပေးသင့်တယ်လို့ ပြောဆိုသွားပါတယ်။

အကြောင်းကတော့ အမျိုးသားပွဲစဉ်တွေကို လူကြည့်တာ ပိုများတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုသွားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/140517


No comments:

Post a Comment