မတ် ၂၂၊ လန်ဒန်
ဝက်စ်ဟမ်း အသင်းသည် အယ်လ်ဂျားဇီးရား အသင်းမှ အငှားဖြင့် ခေါ်ယူ ထားသည့် ကွင်းလယ် တိုက်စစ် ကစားသမား လန်ဇီနီကို သုံးနှစ် စာချုပ် ချုပ်ဆိုကာ အပြီးသတ် ခေါ်ယူ လိုက်ပြီ ဖြစ်သည်။
ချယ်လ်ဆီးနှင့် ၂-၂ သရေ ကျသည့် ပွဲစဉ်တွင် သွင်းဂိုး တစ်ဂိုး သွင်းယူပေး ခဲ့သည့် အသက် ၂၃ နှစ် အရွယ်ရှိ လန်ဇီနီ အတွက် ၀က်စ်ဟမ်း အသင်းက ပြောင်းရွှေ့ကြေးပေါင် ၉ သန်းပေးချေ ခဲ့ရသည်ဟု သတင်း များက ဆိုသည်။
ယူအေအီးကလပ် အယ်လ်ဂျားဇီးယားအသင်းမှ အငှားလာရောက်ကစားနေသည့် လန်ဇီနီကို ၀က်စ်ဟမ်းအသင်းက တရားဝင်ခေါ်ယူရန် အစီအစဉ်မရှိခဲ့သော်လည်း အဆိုပါ အာဂျင်တိုင်းကစားသမား၏ ခြေစွမ်းပြမှုကြောင့် အပြီးသတ်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ရေးဗားပလိတ်အသင်းတွင် အသက် ၁၈ နှစ်အရွယ်ဖြင့် ကျောနံပါတ် ၁၀ ဂျာစီကို ၀တ်ဆင်ခွင့်ရခဲ့သော လန်ဇီနီသည် ယခုနှစ်ရာသီတွင် ၀က်စ်ဟမ်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးပေးထားသည်။
ရည်ညွှန်း ဒေးလီးမေးလ်
မဇ္ဈိမသတင်း by အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com/article/12639
No comments:
Post a Comment