
အဲဗာတန် အသင်းက ကွင်းလယ် ကစားသမား ဘီဆစ်ကို နောက်ထပ် ၅ နှစ်ခွဲ စာချုပ်နဲ့ သက်တမ်း တိုးလိုက် ပါတယ်။
အသက် ၂၃ နှစ် အရွယ် ဘီဆစ်ဟာ အဲဗာတန် အသင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့်တော့ မရပါဘူး။
ဘော့စနီးယား ကွင်းလယ် ကစားသမားဟာ ၂၀၁၄ မှာ အဲဗာတန်ကို ရောက်ရှိ လာပြီး အသင်း အတွက် ၂၉ ပွဲပဲ ကစားခွင့် ရထား ပါတယ်။
အသင်းကို ရောက်ကာစက တော်တော် ရုန်းကန် ရပေမယ့် အခုတော့ နေသား တကျ ဖြစ်နေပါပြီလို့ ဘီဆစ်က ပြောပါတယ်။
သူဟာ ဘော့စနီးယား ဟာဇီဂိုးဗီးနား လက်ရွေးစင် အသင်း အတွက် ၂၁ ပွဲ ကစားပေး ထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/137615

No comments:
Post a Comment