မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, March 4, 2016

မက်ဆီ ဟက်ထရစ်သွင်းပြီး ဘာစီလိုနာ နိုင်ပွဲဆက်သည့် စံချိန်တင် (ရုပ်သံဟိုက်လိုက်)




စပိန် လာလီဂါ ကလပ် ဘာစီလိုနာ အသင်းဟာ ဗလက်ကာနို အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ပြိုင်ပွဲ အားလုံးမှာ ၃၅ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို ရေးထိုးနိုင် ခဲ့ပါတယ်။

ပထမပိုင်း ပွဲချိန် ၂၂ မိနစ်မှာ ရစ်ကီတစ်က ဘာစီလိုနာ အတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။

ဒီနောက် ပထမပိုင်း ၂၃ မိနစ်မှာ မက်ဆီက ဒုတိယဂိုး သွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၅၃ မိနစ်နဲ့ ၇၂ မိနစ်မှာ မက်ဆီက နောက်ထပ်ဂိုးတွေ သွင်းယူပြီး ဟက်ထရစ် ရယူသွားခဲ့ပါတယ်။

၅၇ မိနစ်မှာ ဗလက်ကာနိုက ချေပဂိုး တဂိုး သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ၈၆ မိနစ်မှာ အက်သလက်တီကိုကနေ ပြောင်းလာတဲ့ အာဒါတူရန်က ဘာစီလိုနာအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ မက်စီ ဟက်ထရစ်သွင်းယူနိုင်တဲ့အတွက် ဒီရာသီမှာ သွင်းဂိုး ၃၃ ဂိုးရှိသွားပြီ ဖြစ်ပါတယ်။

ပထမပိုင်း ၄၂ မိနစ်နဲ့ ဒုတိယပိုင်း ၆၇ မိနစ်မှာ ဗလက်ကာနို ကစားသမား ၂ ဦး အနီကတ်ပြ အထုတ်ခံရလို့ ကစားသမား ၉ ဦးတည်းနဲ့ ကစားသွားခဲ့ရပါတယ်။

ဘာစီလိုနာက အမှတ်ပေးဇယားမှာ ၂၇ ပွဲကစား ၆၉ မှတ်နဲ့ အဆင့် ၁ နဲ့ ဒုတိယနေရာက အက်သလက်တီကိုကို ၈ မှတ်ဖြတ်ထားနိုင်သလို ဗလက်ကာနိုကတော့ ၂၇ ပွဲကစား ၂၆ မှတ်နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/138051


No comments:

Post a Comment