မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 28, 2016

ရွန်နီသည် အဓိက အစိတ်အပိုင်း တစ်ခုဖြစ်နေဆဲဟု ရွိုင်းဟော့ဒ်ဆန်ပြော




မတ် ၂၈၊ လန်ဒန်

ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီကို ခြေစမ်းပွဲတွင် အနိုင်ရခဲ့သည့် ပွဲ၌ တိုက်စစ်မှူး ရွန်နီ ပါဝင်နိုင်ခဲ့ခြင်း မရှိသော်လည်း အသင်းခေါင်းဆောင် ရွန်နီသည် ယူရို ၂၀၁၆ ပြိုင်ပွဲ အတွက် အစီအစဉ် ထဲတွင် အဓိက အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်နေဆဲ ဖြစ်သည်ဟု အင်္ဂလန် နည်းပြ ရွိုင်းဟော့ဒ်ဆန်က ပြောသည်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရွန်နီဒူးဒဏ်ရာကြောင့်အနားယူနေရစဉ်တွင် အင်္ဂလန်လူငယ်မျိုးဆက်သစ်များသည် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြပြီး ဘာလင်တွင် ဂျာမနီကို ၃-၂ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့သည်။

စပါးအသင်းမှ အသက် ၁၉ နှစ်အရွယ် ဒယ်လီအလီသည် ဂျာမနီနှင့်ပွဲတွင် အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့သည့် စပါးအသင်းဖော်တိုက်စစ်မှူး အသက် ၂၂ နှစ်အရွယ် ဟာရီကိန်း သည်လည်း ခြေစွမ်းဆက်လက်တိုးတက်နေဆဲဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ပထမဆုံးဂိုးရရှိသွားသည့် လက်စတာတိုက်စစ်မှူးဗာဒီသည်လည်း ရွန်နီကိုဆက်လက်ဖိအားပေးနိုင်ခဲ့သော် လည်း ဟော့ဒ်ဆန်က "ရွန်နီက အသင်းခေါင်းဆောင်ဆိုတာကို ထပ်ပြောပြလိုပြီး အသင်းကိုနှစ်နှစ်လောက် အကောင်းဆုံးဦးဆောင်နိုင်ခဲ့သူပါ။

သူပါဝင်ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ၁၀ ပွဲစလုံးအနိုင်ရအောင် ဦးဆောင်ခဲ့သူပါ။ အခုလိုသူဒဏ်ရာရနေတုန်းမှာ၊ ခြေစွမ်းမပြနိုင်တုန်းမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အခုလိုအပြောမခံရသင့်ပါဘူး"ဟု ပြောသည်။

Ref; BBC

မဇ္ဈိမသတင်း by ဝေဘုန်းလူ

Originally published at - http://mizzimaburmese.com/article/12868


No comments:

Post a Comment