ဓာတ်ပုံ - Getty Images
အင်္ဂလန် လက်ရွေးစင် အသင်းက ဒဏ်ရာ ရနေတဲ့ ဂိုးသမား ဂျိုးဟတ်ရဲ့နေရာမှာ အစား ထိုးနိုင်ဖို့ ဘန်လေ အသင်း ဂိုးသမား တွမ် ဟီတန်ကို ခေါ်ယူ ထားပါတယ်။
အင်္ဂလန် အသင်းဟာ ခြေစမ်း ပွဲစဉ်တွေ အဖြစ် ဂျာမနီ၊ နယ်သာလန် တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အဓိကဂိုးသမားဖြစ်တဲ့ ဂျိုးဟတ်ဟာ မန်ယူကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ ဒဏ်ရာရခဲ့ပါတယ်။
ဒါကြောင့် အင်္ဂလန်က အသက် ၂၉ နှစ်အရွယ် ချန်ပီယံရှစ်တန်းက ဘန်လေဂိုးသမားကို ခေါ်ယူလိုက်တာပါ။
အင်္ဂလန်ဟာ လာမယ့် မတ်လ ၂၆ ရက်နေ့ကျရင် ဘာလင်မှာ ဂျာမနီနဲ့ ခြေစမ်းမှာဖြစ်ပြီး ၂၉ ရက်နေ့မှာတော့ နယ်သာလန်နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။
ဘန်လေဂိုးသမားဟာ ခြေစမ်းပွဲတွေမှာ ကစားခွင့်ရဖို့အတွက် လက်ရှိ အရန်ဂိုးသမားတွေဖြစ်တဲ့ စတုတ်စီးတီးက ဘတ်လန်၊ ဆောက်သမ်တန်က ဖော်စတာတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/140472
No comments:
Post a Comment