မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, March 18, 2016

မန်ယူ - လီဗာပူး ပရိသတ်ရန်ပွဲ ဥရောပ ဘောလုံးအဖွဲ့ချုပ် စုံစမ်းမည်




မတ် ၁၈ ရက်က ယူရိုပါလိဂ် ပြိုင်ပွဲ အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လီဗာပူး ပွဲစဉ်မှာ ၂ ဘက်ပရိသတ်တွေ ရန်ပွဲကို ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က စုံစမ်း စစ်ဆေးမှာ ဖြစ်ပါတယ်။

၁ ဂိုးစီ သရေကျခဲ့တဲ့ မန်ယူ - လီဗာပူး ပွဲစဉ်မှာ ၂ ဘက် အသင်း ပရိသတ်တွေ ရန်ဖြစ် ခဲ့လို့ ရဲတပ်ဖွဲ့က လီဗာပူး ပရိသတ်တွေကို အကာအကွယ် ပေးခဲ့ ရပါတယ်။

ထိုင်ခုံတွေနဲ့လည်း ပစ်ပေါက်ခဲ့သလို မီးရှူးမီးပန်းတွေကို ထွန်းညှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကို ယူအီးအက်ဖ်အေက စုံစမ်းသွားမှာဖြစ်ပြီး ၂ သင်းစလုံး အပြစ်ပေးခံရဖွယ် ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

မန်ချက်စတာ ရဲတပ်ဖွဲ့ကတော့ ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ ရန်ပွဲကြောင့် လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ကြေညာပါတယ်။

ပွဲမစခင် အိုးထရက်ဖို့ဒ်ကွင်းကို လာကြည့်တဲ့ လီဗာပူးပရိသတ်တွေကို မခံချင်အောင် လှုံ့ဆော်ထားတဲ့ ခေါင်းစီးစာတန်းတွေကို ရဲတွေက ဖယ်ရှားခဲ့ပါတယ်။

ယူအီးအက်ဖ်အေရဲ့ ညွှန်ကြားချက်မှာတော့ အိမ်ရှင်အသင်းက ဘောလုံးကွင်းနဲ့ အနီးပတ်ဝန်းကျင် လုံခြုံရေးအတွက် တာဝန်ရှိတယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/139984


No comments:

Post a Comment