စပိန် လာလီဂါက ဆီဗီးလားနဲ့ အက်လလက်တစ် ဘီလ်ဘာအိုတို့ ယူရိုပါလိဂ် ကွာတား ဖိုင်နယ်ကို တက်ရောက် သွားပြီ ဖြစ်ပါတယ်။
မတ် ၁၈ ရက် ကစားကြတဲ့ ယူရိုပါလိဂ် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်တွေ မှာတော့ ဆီဗီးလားက ဆွစ်ဇာလန် ကလပ် ဘေဆယ် အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ၂ ပွဲပေါင်း ရလဒ် ၃ ဂိုး ဂိုးမရှိနဲ့ ကွာတား ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
ပထမအကျော့ ဘေဆယ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့သလို ဒုတိယအကျော့အဖြစ်ယှဉ်ပြိုင်တဲ့ ယူရိုပါလိဂ် လက်ရှိချန်ပီယံ ဆီဗီးလားကွင်းမှာတော့ ပထမပိုင်း ၃၅ မိနစ်၊ ၄၄ မိနစ်နဲ့ ၄၅ မိနစ်တွေမှာ ၃ ဂိုးစလုံး သွင်းယူခဲ့ပြီး ပြိုင်ပွဲကို ဦးဆောင်သွားပါတယ်။
ဒုတိယပိုင်းမှာ ဆီဗီးလားအသင်းက ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း မရှိတော့သလို ဘေဆယ်ကလည်း တဂိုးမှ မသွင်းယူနိုင်ဘဲ ၃ ဂိုး ဂိုးမရှိနဲ့ ပွဲကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဆီဗီးလားအသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းခွင့်တွေ အသာစီးရယူ ကစားသွားပါတယ်။
ဒါ့အပြင် စပိန်လာလီဂါက အသင်းတွေ ပြန်တွေ့တဲ့ ဗလင်စီယာနဲ့ အက်သလက်တစ် ဘီလ်ဘာအိုတို့ပွဲမှာ အိမ်ရှင် ဗလင်စီယာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပထမအကျော့မှာ ဘီလ်ဘာအိုက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပေမယ့် အဝေးကွင်းမှာ တဂိုး သွင်းယူနိုင်တာကြောင့် အဝေးဂိုး စည်းမျဉ်းအရ ဘီလ်ဘာအိုတို့ ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။
ပထမပိုင်း ၁၃ မိနစ်နဲ့ ၃၇ မိနစ်မှာ ၂ ဂိုး ဆက်တိုက်သွင်းယူပြီး ဗလင်စီယာတို့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၇၅ မိနစ်မှာ ဘီလ်ဘာအိုက ချေပဂိုးတဂိုး ပြန်သွင်းခဲ့တာပါ။
ဒီပွဲမှာ ဗလင်စီယာနည်းပြ ဂယ်ရီနဗီးလ်က လက်ထိဘောနဲ့ ပတ်သက်ပြီး မကျေမနပ် ပြောဆိုခဲ့တဲ့အတွက် ပွဲကြည့်စင်ကနေ ပွဲကို ကြီးကြပ်ဖို့ ဒိုင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139980
No comments:
Post a Comment