မတ် ၁၈ ရက်က ကစားသွားတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စပါးအသင်း တို့ဟာ ကွာတား ဖိုင်နယ် မတက်နိုင် aတာ့ဘဲ ပြိုင်ပွဲ ကနေ ထွက်ခွာ သွားရပါတယ်။
မန်ယူအသင်းက အိမ်ကွင်းမှာ လီဗာပူး အသင်းနဲ့ ကစားရတာဖြစ်ပြီး ၁ ဂိုးစီ သရေကျခဲ့လို့ ၂ ပွဲပေါင်း ရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ ရတာပါ။
ပထမပိုင်း ၃၂ မိနစ်မှာ မာတာရဲ့ ပင်နယ်တီနဲ့ မန်ယူတို့ ဦးဆောင်ခဲ့ပေမယ့် ပထမပိုင်း ၄၅ မိနစ်မှာ လီဗာပူးက ကော်တီဟို ချေပဂိုးသွင်းယူခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ၂ ပွဲပေါင်းရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ လီဗာပူးက ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ ၂ ဘက် ပရိသတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တဲ့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ အပြစ်ပေးတာကို ခံရနိုင်ပါတယ်။
ယူရိုပါလိဂ် နောက်ပွဲစဉ်ဖြစ်တဲ့ စပါးနဲ့ ဂျာမနီဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်တို့ပွဲမှာတော့ ဒေါ့မွန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလို့ ၂ ပွဲပေါင်း ရလဒ် ၅ ဂိုး ၁ ဂိုးနဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
အော်ဘာမီယန်းက ဒေါ့မွန်အတွက် ပထမပိုင်း ၂၄ မိနစ်နဲ့ ဒုတိယပိုင်း မိနစ် ၇၀ မှာ ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။
စပါးကတော့ ဒုတိယပိုင်း ၇၃ မိနစ်မှ ချေပဂိုး ၁ ဂိုး ပြန်သွင်းယူခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုကတော့ စပါးအသင်း အသာစီးရခဲ့ပေမယ့်လည်း ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
စပါးနဲ့ မန်ယူတို့ ယူရိုပါလိဂ်ကနေ ထွက်ခဲ့ရတဲ့အတွက် အင်္ဂလန် ပရီးမီးယားလိဂ်က အသင်းတွေထဲမှာ လီဗာပူးတသင်းပဲ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139974
No comments:
Post a Comment