ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက နည်းပြ လူဆက် စကူကို ရာထူးမှ ထုတ်ပယ် ခဲ့တဲ့ ရုရှား ကလပ် ဇင်းနစ် အသင်းဟာ အင်တာ မီလန်နှင့် မန်စီးတီး နည်းပြဟောင်း မန်စီနီကို နည်းပြသစ် အဖြစ် ခန့်အပ် လိုက်တယ်လို့ သိရပါတယ်။
ဇင်းနစ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်နှင့် လွဲချော် ခဲ့ရတာကြောင့် လူဆက်စကူကို ထုတ်ပယ် ခဲ့တာ လို့လည်း သိရပါတယ်။
မန်စီနီဟာ ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလိမ့်မယ်လို့ ရေပန်းစားခဲ့ပေမယ့် ဇင်းနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။
ဇင်းနစ်အသင်းဟာ မန်စီနီကို ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပေမယ့်လည်း စွမ်းဆောင်မှုအပေါ် မူတည်ပြီး ၂ နှစ်ထပ်မံ သက်တမ်းတိုးဖို့ ထည့်သွင်းချုပ်ဆိုထားကြောင်းလည်း သိရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/210095

No comments:
Post a Comment