မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, June 2, 2017

လူကာကူ၊ ဘယ်လော့တီ၊ မိုရာတာတို့အတွက် မန်ယူက ငွေကြေး အမြောက်မြား သုံးမည်




မန်ယူ အသင်းဟာ အက်သလက် တီကို တိုက်စစ်မှူး အန်တိုနီယို ဂရက်ဇ်မန်းကို ခေါ်ယူဖို့ စွန့်လွှတ် လိုက်ပြီး တဲ့နောက် အဲဗာတန် တိုက်စစ်မှူး လူကာကူ၊ တိုရီနို တိုက်စစ်မှူး အန်ဒရီယာ ဘယ်လော့တီ၊ ရီးရဲယ်က မိုရာတာ တို့ကို ငွေကြေး အမြောက် အမြား သုံးပြီး ခေါ်ယူသွား ဖို့ရှိနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေ ပါတယ်။

တီကို တိုက်စစ်မှူး ဂရက်ဇ်မန်းဟာ အသင်းမှာပဲ ဆက်နေဖို့ ဇွန် ၁ ရက်နေ့က သူရဲ့တွစ်တာ အကောင့်မှာ ရေးသား ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ခေါ်ယူဖို့ စိတ်ဝင် စားမှု လျော့ကျ ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လူကာကူကို ပေါင် သန်း ၁၀၀၊ ဘယ်လော့တီအတွက် ပေါင် ၈၇ သန်းနဲ့ မိုရာတာအတွက် ပေါင် ၆၅ သန်း သုံးစွဲသွားဖို့ရှိနေပါတယ်။

အဆိုပါကစားသမားတွေအပြင် မိုနာကိုအသင်းက ခြေစွမ်းပြ လူငယ်တိုက်စစ်မှူး အန်ဘာပေကိုလည်း ပေါင် ၈၇သန်း နီးပါးနဲ့ပဲ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/210108

No comments:

Post a Comment