ဧပြီ ၁၇ ရက်နေ့ ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ လီဗာပူးအသင်းက ဘုန်းမောက် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိ သွားပါတယ်။
လီဗာပူး အသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားနိုင်ခဲ့သလို ဘုန်းမောက်အသင်းကလည်း တန်ပြန်တိုက်စစ်တွေကနေ ပြန်လည်ထိုးဖောက်ကစားခဲ့ပါတယ်။
လီဗာပူးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ၄၁ နဲ့ ၄၆ မိနစ်တွေမှာ ဖာမီနိုနဲ့ စတာရစ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန်ပြီးဆုံးခါနီး မိနစ် ၉၀ မှာမှ ဂျိုးစ်ဟွာ ကင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၃၂ ပွဲကစား ရမှတ် ၅၁ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပြီး ဘုန်းမောက်အသင်းကတော့ ၃၄ ပွဲကစား ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/145515
No comments:
Post a Comment