
ဧပြီ ၁၆ ရက်နေ့ ညက ယှဉ်ပြိုင် ခဲ့ကြတဲ့ ပရီးမီးယားလိဂ် အသင်းကြီး ၂ သင်း တွေ့ဆုံတဲ့ ပွဲမှာတော့ အိမ်ရှင် ချဲလ်ဆီး အသင်းကို မန်စီးတီးက ၃ ဂိုးပြတ် အနိုင်ယူ ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ကစားရပေမယ့် မန်စီးတီးကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော ပွဲချိန် ၃၃၊ ၅၄ နဲ့ ၈၀ (ပင်နယ်တီ) မိနစ်တွေမှာ အဂွါရိုတဦးတည်းက ဟက်ထရစ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၃၃ ပွဲကစား ရမှတ် ၆၀ နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။ ချဲလ်ဆီးအသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/145341





No comments:
Post a Comment