မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 21, 2016

စီရော်နယ်ဒို အနားယူရန် လိုအပ်သည်ဟု ရီးယဲလ်နည်းပြ ဇီဒန်း ပြော




ဧပြီ ၂၁၊ မက်ဒရစ်

ဗီလာရီးယဲလ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲအပြီးတွင် ရီးယဲလ်နည်းပြ ဇီဒန်းက အသင်း၏ အဓိက တိုက်စစ်ကစားသမား စီရော်နယ်ဒိုအနေဖြင့် အနားယူရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်။

စီရော်နယ်ဒိုသည် ယခုနှစ်ရာသီတွင် ရီးယဲလ်အသင်း၏ လာလီဂါပွဲစဉ် ၃၄ ပွဲစလုံးကို ပါဝင်ကစားထားသူ ဖြစ်သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ၁၀ ပွဲစလုံး ပါဝင် ကစားခဲ့ပြီး ရိုးမားအသင်းနှင့် ၁၆ သင်းရှုံး ထွက်အဆင့်ပွဲစဉ်တွင်သာ ၈၉ မိနစ်၌ လူစားလဲခဲ့သည်။

စီရော်နယ်ဒိုသည် ဗီလာရီးယဲလ်နှင့်ပွဲစဉ်တွင် ပွဲပြီးရန် အချိန်အနည်းငယ်အလိုတွင် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။ နည်းပြဇီဒန်းက ကစားသမားသုံးဦး လူစား လဲပြီး ဖြစ်သဖြင့် ရော်နယ်ဒိုကို အခြားကစားသမားနှင့် အစားထိုးနိုင်ခြင်း မရှိခဲ့ပေ။

'တစ်ခါတစ်လေမှာ သူအနားရဖို့အတွက် လူစားလဲဖို့ လိုအပ်ပါတယ်။ ပွဲတစ်ပွဲမှာ လူစားလဲတာမျိုး ဒါမှမဟုတ် တစ်ပွဲလုံး အနားပေးတာမျိုးပေါ့။ ဒါပေမဲ့ သူက အမြဲတမ်း ကစားချင်နေတဲ့ ကစားသမားဖြစ်ပြီး သူ့မှာ ရှိသလောက် အကုန် ပေးဆပ်ချင်တဲ့ သူမျိုးပါ။ ဒါကြောင့် ကျွန်တော့်အတွက် ခက်ခဲပါတယ်' ဟု ဇီဒန်းက ပြောသည်။

ဗယ်လ်ကာနိုနှင့်ကစားရမည့် လာလီဂါပွဲစဉ်နှင့် မန်စီးတီးနှင့်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်များအတွက် စီရော်နယ်ဒို၏ ကြံ့ခိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်မှုမရှိဟု ဇီဒန်းက ပြောဆိုခဲ့သည်။

ရည်ညွှန်း အိုင်းရစ်တိုင်း

မဇ္ဈိမသတင်း by အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/13411

No comments:

Post a Comment