မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 9, 2016

ရှမ်းယူနိုက်တက် တိုက်စစ်မှူး ဘီရှက်ဖ် ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ



၎ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ ရသော ရှမ်းယူနိုက်တက် တိုက်စစ်မှူး ဘီရှက်ဖ်

ဧပြီ ၉၊ ရန်ကုန်

မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် (၁၁) ပွဲစဉ် တစ်ပွဲဖြစ်သော ရခိုင် ယူနိုက်တက်နှင့် ရှမ်း ယူနိုက်တက် ပွဲတွင် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရသည့် ရှမ်းယူနိုက်တက် တိုက်စစ်မှူး ဘီရှက်ဖ်ကို ၄ ပွဲပယ်နှင့် ဒဏ်ငွေ ၃သိန်း ပြစ်ဒဏ်ကို စည်းကမ်း ထိန်းသိမ်းရေးမှ ချမှတ်ခဲ့သည်။

အီရန်လူမျိုးတိုက်စစ်မှူး ဘီရှက်ဖ်မှာ ယင်းပွဲစဉ်တွင်ရခိုင်နောက်ခံလူ စောသက်ကျော်ဦးကို ဘောလုံးမရှိပဲ တံတောင်ဖြင့်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ရိုက်အနီကတ်ပြအထုတ်ခံရခြင်းဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးမှ ထပ်မံအရေးယူခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဘီရှက်ဖ်ကို ပြိုင်ပွဲကျင်းပရေးစည်းမျဉ်းစည်းကမ်း အပိုဒ် ၁၆၊ အပိုဒ်ခွဲ(က)နှင့်(ခ)ကို ကျုးလွန်ခြင်းကြောင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၃)နှင့်(၁၃)အရ အနီးဆုံးပွဲ၊ ဒဏ်ငွေ ၃သိန်းချမှတ်ခဲ့ခြင်းဖြစ်သည်။

ဘီရှက်ဖ်မှာ ဖေဖေါ်ဝါရီလက ကစားခဲ့သော ဧရာဝတီယူနိုက်တ်နှင့်ပွဲတွင်လည်း တိုက်ရိုက်အနီကတ်ပြအထုတ်ခံခဲ့ရပြီး ၄ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့်အတွက် ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်မြောက် ပွဲပယ်ပြစ်ဒဏ်အချခံရခြင်းဖြစ်သည်။

မဇ္ဈိမသတင်း by ရဲရင့်ဋ္ဌေး

Originally published at - http://mizzimaburmese.com/article/13297


No comments:

Post a Comment