ဧပြီ ၉ ရက်နေ့ ညက စပိန် လာလီဂါ ပွဲစဉ် တွေမှာတော့ ရီးရဲလ် မက်ဒရစ်က အီဘာကို ဂိုးပြတ် အနိုင်ရရှိ ခဲ့ပြီး ဘာစီလိုနာ အသင်းကတော့ ရီးရဲလ် ဆိုစီဒက်ကို ရှုံးနိမ့် သွားပါတယ်။
ရီးရဲလ်နဲ့ အီဘာတို့ ပွဲမှာတော့ အိမ်ရှင်အသင်းက တဖက်သတ် ဘောလုံးအသားစီးရယူ ကစားခဲ့ပြီး ၄ ဂိုးပြတ် အနိုင်ရရှိသွားတာဖြစ်ပါတယ်။
ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ဂျိမ်းရိုဒရီဂွက်ဇ်၊ လူးကပ်၊ ရိုနယ်ဒိုနဲ့ ဂျက်ဆီတို့က ပထမပိုင်းမှာတင် ၄ ဂိုးလုံးသွင်းယူခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်ဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၇၂ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ အီဘာအသင်းကတော့ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁၀ မှာရှိပါတယ်။
အမှတ်ပေးဇယား ထိပ်ဆုံးက ဘာစီလိုနာကတော့ အဝေးကွင်းမှာ အိမ်ရှင် ရီးရဲလ်ဆိုစီဒက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးလိုက်ရပါတယ်။
ရီးရဲလ်ဆိုစီဒက်အတွက် အနိုင်ဂိုးကိုတော့ ပွဲစစချင်း ၅ မိနစ်မှာပဲ Mikel Oiarzabal က သွင်းယူခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီပွဲရှုံးနိမ်သွားပေမယ့် ရမှတ် ၇၆ မှတ် အမှတ်ပေးဇယား အဆင့် ၁ မှာ ဆက်လက်ရပ်တည်နေပါတယ်။ ရီးရဲလ်ဆိုစီဒက်ကတော့ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/143909
No comments:
Post a Comment