မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 20, 2016

အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲတွင် မြန်မာနှင့် ထိုင်း တစ်အုပ်စုတည်း ကျရောက်




မေ ၂၀၊ ရန်ကုန်

၂၀၁၇ အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု မဲခွဲမှုကို မေလ ၁၉ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင် ကျင်းပပြုလုပ် ခဲ့ရာ မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းမှာ ထိုင်းအသင်းနှင့် တစ်အုပ်စုတည်း ကျရောက် နေသည်။

မြန်မာယူ-၁၉ အမျိုးသမီး အသင်းမှာ အုပ်စု (ဂ) တွင် ထိုင်း၊ ပါလက်စတိုင်း၊ ကာဇက်စတန် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ခြေစစ် ပွဲစဉ်များကို အောက်တိုဘာ ၂၉မှ နိုဝင်ဘာ ၆ အထိ ကျင်းပမည် ဖြစ်သည်။

၂၀၁၇ အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို အသင်း ၈သင်းဖြင့် ကျင်းပမည် ဖြစ်ပြီး ၂၀၁၅ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့် ဂျပန်၊ မြောက် ကိုရီးယား၊ တောင် ကိုရီးယားနှင့် တရုတ် အသင်းတို့မှာ တိုက်ရိုက် ကစားခွင့် ရထားသည်။

အာရှ ယူ-၁၇ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲကို အသင်း ၁၈သင်း ဝင်ရောက် ကစားရမည် ဖြစ်ပြီး

အုပ်စု(က)တွင်
  1. ၾသစေၾတးလ်၊
  2. ဂျော်ဒန်၊
  3. လက်ဘနွန်၊
  4. စင်ကာပူ၊
  5. မြောက်မာရီယာနာကျွန်းစု၊

အုပ်စု(ခ)တွင်
  1. ဥဇဘက်ကစ္စတန်၊
  2. တရုတ်တိုင်ပေ၊
  3. ဟောင်ကောင်၊
  4. တာဂျစ်ကစ္စတန်၊
  5. ပါကစ္စတန်၊

အုပ်စု(ဂ)တွင်
  1. မြန်မာ၊
  2. ထိုင်း၊
  3. ပါကစ္စတန်၊
  4. ကာဇက်စတန်၊

အုပ်စု(ဃ)တွင်
  1. အီရန်၊
  2. ဗီယက်နမ်၊
  3. အိန္ဒိယ၊
  4. ဖိလစ်ပိုင်၊ အသင်းတို့ တစ်အုပ်စုတည်းကျရောက် နေသည်။

အုပ်စုလေးစုမှ ထိပ်ဆုံး အသင်း လေးသင်းသာ ခြေစစ်ပွဲ အောင်မည်ဖြစ်ပြီး မြန်မာယူ-၁၉ အသင်း ပါဝင်သည့် အုပ်စု (ဂ )ပွဲစဉ်များကို ထိုင်းနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည်ဖြစ်သည်။

မဇ္ဈိမသတင်း by - ရဲရင့်ဋ္ဌေး

Originally published at - http://mizzimaburmese.com/article/14394

No comments:

Post a Comment