မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 6, 2016

ကိုပါဖလား မက္ကဆီကို ၃ – ၁ ဥရုဂွေး (ရုပ်သံဟိုက်လိုက်)




အမေရိကန် နိုင်ငံမှာ ကျင်းပနေတဲ့ ကိုပါ အမေရိကား ဖလား အုပ်စု စီ ပွဲစဉ် အဖြစ် မက္ကဆီကိုနဲ့ ဥရုဂွေးတို့ ဇွန်လ ၆ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ရာ မက္ကဆီကိုက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲစဉ် ပထမပိုင်း ပြီးခါနီးမှာ ဥရုဂွေး ကစားသမား ဗက်ဆီနို နှစ်ဝါတနီနဲ့ အထုတ် ခံခဲ့ရသလို ပွဲချိန် ၇၃ မိနစ်မှာလည်း မက္ကဆီကို ကစားသမား ဂွါဒါဒို နှစ်ဝါတနီနဲ့ အထုတ်ခံ ခဲ့ရပါတယ်။

မက္ကဆီကို အသင်းဟာ ဥရုဂွေးကို ဘောလုံး ပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့် အသာစီး ရယူ ကစားသွားနိုင် ခဲ့ပါတယ်။

မက္ကဆီကိုအတွက် အဖွင့်ဂိုးကို ပွဲအစ ၄ မိနစ်မှာ ဥရုဂွေး ကစားသမားတဦး ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ရာက ရရှိခဲ့ပြီး ပထမပိုင်းမှာ မက္ကဆီကိုက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာ ဥရုဂွေးအတွက် ဂိုဒင်က ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် မက္ကဆီကိုအတွက် အနိုင်ဂိုးတွေကို ၈၅ မိနစ်မှာ မားကွက်ဇ်နဲ့ မိနစ် ၉၀ မှာ ဟာရဲရားတို့က သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ မက္ကဆီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။

ဒီမနက်အစောပိုင်းကပဲ ကစားသွားတဲ့ အုပ်စု စီ တခြားပွဲစဉ်မှာတော့ ဗင်နီဇွဲလားက ဂျမေကာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု စီက တပွဲစီကစားအပြီးမှာတော့ မက္ကဆီကို ရမှတ် ၃ မှတ်နဲ့ အုပ်စုပထမ၊ ဗင်နီဇွဲလားလည်း ၃ မှတ်ရထားပေမယ့် ဂိုးကွာခြားချက်ကြောင့် အုပ်စု ဒုတိယနေရာမှာရှိပြီး ဂျမေကာနဲ့ ဥရုဂွေးတို့ကတော့ အမှတ်မရသေးဘဲ အုပ်စု တတိယနေရာနဲ့ စတုတ္ထနေရာ အသီးသီးမှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/153424

No comments:

Post a Comment