မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, July 31, 2016

နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးပမ်းမယ် – ထွန်းထွန်းမင်း




မြန်မာ့ရိုးရာ လက်ဝှေ့ အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်းက တိုကျို WAY OF THE SAMURAI မှာ နိုင်ငံ့ ဂုဏ်ဆောင် နိုင်အောင် ကြိုးပမ်း မယ်လို့ ပြောပါတယ်။

ထွန်းထွန်းမင်းဟာ ဒီကနေ့ ပြုလုပ်မယ့် Ganryujima (ဂန်လျူဂျီးမား) ကမ္ဘာ့ ကိုယ်ခံ ပညာ ပေါင်းစုံပြိုင်ပွဲ WAY OF THE SAMURAI ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မှာပါ။

ဒီပြိုင်ပွဲမှာ မူလက ဘရာဇီး လက်ဝှေ့ သမားနဲ့ထိုးသတ်ဖို့ စီစဉ် ထား ခဲ့ပေမယ့် အဆင် မပြေတဲ့ အတွက် ကင်ညာနိုင်ငံသား Didier Nyembwe နဲ့ ထိုးသတ်ဖို့ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့က သတ်မှတ် ခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ် ထွန်းထွန်းမင်းဟာ ပြိုင်ဘက် ကင်ညာသားကို သူ့အနေနဲ့ အနိုင်ရဖို့ သေချာ တယ်လို့ ယုံကြည်မှု အပြည့်နဲ့ ဒီဗွီဘီကို ပြောပါတယ်။

အခုပြိုင်ပွဲကို နိုင်ငံပေါင်း ၁၇ နိုင်ငံက လာရောက်ယှဉ်ပြိုင် ကြတာဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စား ရိုးရာ လက်ဝှေ့ကို ကမ္ဘာက သိအောင် ကြိုးပမ်းမှု တခုလည်းဖြစ်တယ်လို့ ရိုးရာ လက်ဝှေ့ပွဲ စီစဉ်သူ မြန်မာ မီဒီယာ ဂရု(ပ်) ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏက ဒီဗွီဘီ ကို ပြောပါတယ်။



ဒီဗွီဘီ by ဇော်ဇော်လှိုင်

Originally published at - http://burmese.dvb.no/archives/161567

No comments:

Post a Comment