မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, August 23, 2016

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ဇွဲကပင် ယူနိုက်တက် ကလပ်အသင်း ဖျက်သိမ်း




မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်း တသင်း ဖြစ်တဲ့ ဇွဲကပင် ယူနိုက်တက် အသင်းဟာ အသင်း ဖျက်သိမ်း လိုက်ပြီး လူငယ် စီမံကိန်းတွေပဲ ဆက်လက် လုပ်ဆောင် သွားမယ်လို့ သြဂုတ် ၂၂ ရက်က ပြုလုပ်တဲ့ အစည်း အဝေးမှာ အသင်းပိုင်ရှင် ဦးလှဌေးက ဆုံးဖြတ် ခဲ့တယ်လို့ အသင်းရဲ့ တရားဝင် စာမျက်နှာ ကနေ သတင်း ထုတ်ပြန် ခဲ့ပါတယ်။

အသင်းမှာရှိတဲ့ စာချုပ် ကျန်နေသေးတဲ့ ကစားသမား တွေကိုလည်း စာချုပ်အတိုင်း ဆက်လက် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပြီး ထွက်ခွာချင်တဲ့ ကစားသမား တွေကိုလည်း ထွက်ခွာခွင့် ပြုသွား မယ်လို့ ဥက္ကဋ္ဌ ဦးလှဌေးက ဇွဲကပင် အသင်း စာမျက်နှာမှာ ပြောဆို ထားပါတယ်။

အသင်း ဖျက်သိမ်း လိုက်တာနဲ့ ပတ်သက်ပြီး မသိရှိကြောင်းနဲ့ လိဂ်ပွဲ အပြီးမှာ အသင်းဆီ မရောက် ဖြစ်တော့ကြာင်း အသင်းနည်း စနစ် ဒါရိုက်တာ ဦးဆန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဇွဲကပင်အသင်း ဖျက်သိမ်း လိုက်တာနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင် ဦးလှဌေး၊ နည်းပြ ဦးအောင်မင်းဦးတို့ကို ဆက်သွယ် ခဲ့ပေမယ့်လည်း ဖုန်းခေါ်ဆို မရခဲ့ပါဘူး။

ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/165087

No comments:

Post a Comment