
လာမယ့် ယူ ၂၀ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲမှာ ဒိုင်လုပ်ဖို့ မြန်မာ အမျိုးသမီး ဒိုင်လူကြီး သိန်းသိန်းအေး ရွေးချယ်ခံ ထားရ တယ်လို့ ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန် ပါတယ်။
သိန်းသိန်းအေးဟာ နိုင်ငံတကာဘောလုံး ပြိုင်ပွဲပေါင်း ၁၈ ပွဲ တာဝန်ယူ ကိုင်တွယ် ခဲ့ဖူးပါတယ်။
မကြာခင်က မြန်မာနိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပခဲ့တဲ့ AFF Women’s Championship 2016 ပြိုင်ပွဲမှာလည်း တာဝန်ယူ ခဲ့ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက် များကို မှန်ကန် ရဲရင့်စွာ ချမှတ် ပေးနိုင်ခဲ့သူ ဖြစ်တယ်လို့ ဘောလုံး အဖွဲ့ချုပ် အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။
ယူ ၂၀ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လာမယ့် ၂၀၁၇ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167939





No comments:
Post a Comment