Saturday, December 31, 2016
အင်္ဂလန်ပရီးမီးယားလိဂ်တွင် ပြန်ကစားရန် ဘာဘာတော့ဗ် ဆန္ဒရှိ
စပါးနဲ့ မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ပြန်ကစား ချင်တဲ့ ဆန္ဒ ရှိနေ တယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။
အသက် ၃၅ နှစ်ရှိ ဘူလ်ဂေးရီးယား တိုက်စစ်မှူး ဘာဘာတော့ဗ်ဟာ ဂရိကလပ် PAOK အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံး ခဲ့တာကြောင့် အသင်း လက်မဲ့ ဖြစ်နေတာပါ။
ဘာဘာတော့ဗ် အနေနဲ့ အသက် ၃၅ နှစ်အရွယ် ရှိနေပြီဆိုပေမယ့် ပရီမီးယားလိဂ်မှာ တရာသီလောက် ကစားနိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ အင်္ဂလန်ဘောလုံး လောကဆီ ပြန်လာဖို့ စိတ်အား ထက်သန်နေ တယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်တဲ့ ဒန်ချိဘ်က ပြောပါတယ်။
ဘာဘာတော့ဗ်ဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါး၊ မန်ယူ၊ ဖူလ်ဟမ်အသင်းတွေမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး စပါးအသင်း အတွက် ၄၆ ဂိုး၊ မန်ယူ အသင်းအတွက် ၅၆ ဂိုး၊ ဖူလ်ဟမ်အသင်း အတွက် ဂိုး ၂၀ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ပြင်သစ်ကလပ် မိုနာကိုအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဂရိကလပ် PAOK အသင်းကို ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/182045
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment