
အာဆင်နယ် တိုက်စစ်မှူး ဒယ်နီ ဝဲလ်ဘက်နဲ့ နောက်တန်း ကစားသမား မူစတာဖီ တို့ဟာ ဒဏ်ရာ ကနေ ပြန်လည် ကောင်းမွန် လာတာကြောင့် ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ပွဲမှာ ပြန်လည် ပွဲထွက် လာဖို့ ရှိနေ ပါတယ်။
တိုက်စစ်မှူးဝဲလ်ဘက်ဟာ ဒူးဒဏ်ရာကြောင့် ၉ လခန့် အနားယူခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနေပြီဖြစ်ပါတယ်။
နောက်ခံလူ မူစတာဖီဟာဆိုရင်လည်း တံကောက်ကြောဒဏ်ရာကြောင့် ၂ ပတ် အနားယူခဲ့ရပြီး လက်ရှိအချိန်မှာ အသင်းနဲ့ လေ့ကျင့်ခန်းပြင်ဆင်းနေပြီလို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီ ၁ ရက်နေ့မှာ တန်းဆင်းဇုန်နား ရောက်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာ တောင်ပံတိုက်စစ်မှူးတွေဖြစ်တဲ့ ဝဲလ်ကော့က ခြေသလုံးဒဏ်ရာ၊ ချိန်ဘာလိန်က တံကောက်ကြောဒဏ်ရာ၊ ဘယ်နောက်ခံလူ ကီရန်ဂစ်ဘ်ကလည်း ဒူးဒဏ်ရာ ရရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/182045

No comments:
Post a Comment