မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 31, 2016

ဘာကလေ၏ နောက်ကျချေပဂိုးဖြင့် အဲဗာတန်နှင့် ဟားလ်စီးတီး သရေကျ (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် ဟားလ် စီးတီးနဲ့ အဲဗာတန်တို့ ဒီဇင်ဘာ ၃၀ ရက်ညက ယှဉ်ပြိုင်ရာ အဲဗာတန်က ကွင်းလယ်လူ ဘာကလေရဲ့ နောက်ကျချေပ ဂိုးနဲ့ ၂ ဂိုးစီ သရေကျ သွားပါတယ်။

ဟားလ်စီးတီး အိမ်ကွင်းမှာ ယှဉ်ပြိုင် ရတဲ့ ဒီပွဲမှာ အဖွင့်ဂိုး ကိုလည်း အိမ်ရှင် အသင်းက ရခဲ့ပြီး ပွဲအစ ၆ မိနစ်မှာပဲ ဒေါ်ဆင်က သွင်းယူပေး ခဲ့တာပါ။

ဇယားအောက်ဆုံးရောက်နေတဲ့ ဟားလ်စီးတီးတို့ရဲ့ ရုန်းကန်အားကြောင့် ဒီပွဲမှာ အဲဗာတန်တို့ အခက်တွေ့ခဲ့ရပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ဟားလ်စီးတီးဂိုးသမား ဘောလုံးကို လက်နဲ့ပုတ်ထုတ်ရာက ကိုယ့်ဂိုးကိုယ်သွင်းမိလို့ အဲဗာတန် ချေပဂိုးရပြီး ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

အဲဗာတန်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရယူနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးတွေကိုတော့ ဟားလ်စီးတီးကပဲ ရယူခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာ ဟားလ်စီးတီးအတွက် ရောဘတ် စနော့ဒ်ဂရတ်စ်က ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး ၈၄ မိနစ်မှာ ရော့စ်ဘာကလေက အဲဗာတန်အတွက် ချေပဂိုး သွင်းယူပေးခဲ့လို့ ၂ ဂိုးစီသရေနဲ့ ပွဲပြီးသွားခဲ့ပါတယ်။

ဒီပွဲအပြီးမှာတော့ အဲဗာတန်က ၂၇ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပြီး ဟားလ်စီးတီးကတော့ ၁၃ မှတ်နဲ့ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/182040

No comments:

Post a Comment